မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ဆွမ်လမန် ထိုင်းလိဂ်-၂ ကလပ်အသင်းတစ်သင်းသို့ သွားရောက်ကစားရန်စီစဉ်နေ

 မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ဆွမ်လမန် ထိုင်းလိဂ်-၂ ကလပ်အသင်းတစ်သင်းသို့ သွားရောက်ကစားရန်စီစဉ်နေ
Photo: Suan Lam Mang Facebook
Photo: Suan Lam Mang Facebook
Published 4 October 2021

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ဆွမ်လမန်သည် ထိုင်းလိဂ်-၂ ကလပ်အသင်းတစ်သင်းသို့ သွားရောက်ကစားရန်စီစဉ်နေကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ဆွမ်လမန်နှင့် ထိုင်းလိဂ်-၂ ကလပ်အသင်းတို့၏ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အပြီးသတ်သဘောတူညီမှုရရှိရန်သာ ကျန်ရှိတော့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုရာသီ ထိုင်းလိဂ်ပြိုင်ပွဲများမှာ ပြီးခဲ့သည့် စက်တင်ဘာ (၃) ရက်ကမှ စတင်ခဲ့ခြင်းဖြစ်ပြီး ရာသီဝက်အပြောင်းအရွှေ့ကာလကို လာမည့် ဒီဇင်ဘာ (၈) ရက်မှသာ ဖွင့်လှစ်မည်ဖြစ်သည်။

ထို့ကြောင့် တိုက်စစ်မှူး ဆွမ်လမန်သည် ယခုဆွေးနွေးနေသည့် ထိုင်းလိဂ်-၂ ကလပ်အသင်းနှင့် အပြီးသတ်သဘောတူညီမှုရရှိခဲ့မည်ဆိုပါက ရာသီဝက်ကာလရောက်မှသာ အသင်းနှင့် တရားဝင်ပူးပေါင်းနိုင်မည်ဖြစ်သည်။

တိုက်စစ်မှူးဆွမ်လမန်သည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းက ထိုင်းလိဂ် -၃ ကလပ် မြောင်ကန်အသင်း( လက်ရှိ ထိုင်း လိဂ်-၂) သို့ (၂) နှစ် စာချုပ်ဖြင့် သွားရောက်ကစားခဲ့သည်။

ထို့နောက် ဆွမ်လမန်သည် မြောင်ကန်အသင်းမှ ထရတ်အသင်း၊ ရနောင်းယူနိုက်တက်အသင်းတို့ထံ အငှားပြောင်းရွှေ  ့ကစားခဲ့ပြီး မြောင်ကန်အသင်းနှင့်လည်း စာချုပ်ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

ဆွမ်လမန်သည် ၂၀၂၁ ထိုင်းလိဂ်ရာသီကုန်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး လက်ရှိတွင် အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။

Most Read

Most Recent