နာပိုလီအသင်းမှ အင်ဆစ်ဂ်ညာကို ချယ်လ်ဆီး စိတ်ဝင်စား

နာပိုလီအသင်းမှ အင်ဆစ်ဂ်ညာကို ချယ်လ်ဆီး စိတ်ဝင်စား
Photo: GIFN
Photo: GIFN
Published 4 October 2021

ချယ်လ်ဆီးအသင်းသည် နာပိုလီအသင်းတောင်ပံကစားသမား အင်ဆစ်ဂ်ညာကို ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း သိရသည်။

လက်ရှိအချိန်တွင် တိုက်စစ်မှူး  တီမိုဗာနာ ဂိုးများ ပြန်လည်သွင်းယူနေသလို၊ လူကာကူကဲ့သို့ တိုက်စစ်မှူးမျိုး ပိုင်ဆိုင်ထားသော်လည်း ချယ်လ်ဆီးအသင်းသည် တိုက်စစ်ပိုင်းအားဖြည့်ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

အင်ဆစ်ဂ်ညာသည် လက်ရှိရာသီကုန်ဆုံးချိန်တွင် နာပိုလီအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လာမည့်ဇန်နဝါရီတွင် စာချုပ်သက်တမ်းတိုးရန် နာပိုလီအသင်းဘက်မှ ဆွေးနွေးဖွယ်ရှိနေသော်လည်း  ချယ်လ်ဆီးအသင်းက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန်ဆန္ဒရှိနေသည်။

အင်ဆစ်ဂ်ညာသည် နာပိုလီအသင်းနှင့် သက်တမ်းတိုးလိုသော်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှသာ လက်မှတ်ရေးထိုးရန် ရည်ရွယ်ထားသည်ဟု သိရသည်။

Most Read

Most Recent