■ လီဗာပူးလ်နောက်ခံလူ မီလ်နာကို မထုတ်ပယ်မှုအတွက် မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဒေါသပေါက်ကွဲ

■ လီဗာပူးလ်နောက်ခံလူ မီလ်နာကို မထုတ်ပယ်မှုအတွက် မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဒေါသပေါက်ကွဲ
Published 4 October 2021

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် လီဗာပူးလ်-မန်စီးတီးပွဲတွင် ပြိုင်ဘက်အသင်းနောက်ခံလူ မီလ်နာကို ကွင်းလယ်ဒိုင်လူကြီးမှ မထုတ်ပယ်မှုအတွက် ဒေါသပေါက်ကွဲခဲ့ကြောင်း သိရသည်။

ဘာနာဒိုဆေးလ်ဗားကို ဖျက်ထုတ်မှုတွင် ဒုတိယအဝါကတ်ဖြင့် ထုတ်ပယ်ခံရသင့်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဆိုခဲ့ခြင်းဖြစ်သည်။ 

သို့သော် ဒိုင်လူကြီးမှ အရေးမယူခဲ့သည့်အတွက် ဂွါဒီယိုလာသည် ကွင်းဘေးစည်းတွင် ပေါက်ကွဲခဲ့ပြီး စတုတ္ထဒိုင် မိုက်ဒင်းကို ပြင်းထန်သည့်စောဒကတက်မှုများလည်း ပြုလုပ်ခဲ့သည်။

ဂွါဒီယိုလာက ''ဒါက(ဘာနာဒိုဆေးလ်ဗားအပေါ် မီလ်နာ၏ဖျက်ထုတ်မှု) အဝါကတ်ပါပဲ။ ရှင်းရှင်းလင်းလင်းဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုပွဲက အန်ဖီးလ်ကွင်းမှာ ကစားရတာပါ။ အိုးလ်ထရက်ဖို့ဒ်လိုပဲပေါ့။ ဒီလိုအနေအထားမှာ စီးတီးကစားသမား

တစ်ယောက်ဆိုရင် ထုတ်ပယ်ခံရပါလိမ့်မယ်။ ရာနှုန်းပြည့်သေချာပါတယ်''ဟု ဆိုခဲ့သည်။ 

မီလ်နာသည် အာနိုးလ် ဒဏ်ရာရနေသောကြောင့် ညာနောက်ခံလူအဖြစ် ကစားခဲ့ပြီး ဘာနာဒိုဆေးလ်ဗားနှင့်ဖြစ်ရပ်မတိုင်မီ ပထမပိုင်းတွင် ဖိုဒန်ကို ဖျက်ထုတ်မှုကြောင့် အဝါကတ်တစ်ကြိမ် ပြသခံခဲ့ရသည်။ 

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်သည် မီလ်နာကို ပွဲချိန် ၇၈ မိနစ်တွင်မှ နောက်ခံလူ ဂျိုးဂိုးမက်ဇ်နှင့် လူစားလဲခဲ့သည်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်သူ မီလ်နာသည် မန်စီးတီးအသင်းတွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကစားခဲ့သူလည်းဖြစ်သည်။

Most Read

Most Recent