စပိန်လာလီဂါပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 3 October 2021

အယ်လ်ချီ - ဆယ်လ်တာဗီဂို (တနင်္ဂနွေညနေ ၆း၃၀ နာရီ)

ဆယ်လ်တာဗီဂိုက နိုင်ပွဲတွေပြန်ရပြီး ခံစစ်လည်း တိုးတက် လာတယ်။ အယ်လ်ချီက အိမ်ကွင်းမှာ ခံစစ်ကို ကျစ်လျစ်အောင် ပိုကစားနိုင်တယ်။ ဒါကြောင့် ဆယ်လ်တာဗီဂိုတိုက်စစ်ဂိုးရဖို့  ခက်နိုင်လို့  ဂိုးအနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။

အက်စ်ပန်ညို - ရီးယဲလ်မက်ဒရစ် (တနင်္ဂနွေည ၈း၄၅ နာရီ)

ကတ်တလန်-မက်ဒရစ် ထိပ်တိုက်တွေ့ဆုံတဲ့ နောက် တစ်ပွဲဆိုပေမဲ့ အခြေအနေချင်းကတော့ ကွာပါတယ်။ အက်စ်ပန်ညိုက ဒီရာသီမှ တန်းပြန်တက်လာတဲ့အသင်းဖြစ်ပြီး ယခင် ရီးယဲလ်မက်ဒရစ်နဲ့ တွေ့ဖူးထားတဲ့ နောက်ဆုံး(၄)ပွဲ စလုံးကိုလည်း အရေးနိမ့်ထားတဲ့အသင်း ဖြစ်နေတယ်။ အိမ် ကွင်းမှာ မက်ဒရစ်အသင်းတစ်သင်းဖြစ်တဲ့ အက်သလက် တီကိုကို (၁-၂)ဂိုးနဲ့ အရှုံးပေးထားခဲ့ရလို့ အခုရီးယဲလ်ကို လည်း ခက်ခက်ခဲခဲရင်ဆိုင်ရဦးမှာ သေချာတယ်။ အခုတလော ခံစစ်ကစားပုံလည်း လျော့လာနေတာက ဂိုးရနှုန်းကောင်းနေ တဲ့ ရီးယဲလ်တိုက်စစ်ကို ထိန်းချုပ်နိုင်ဖို့ အက်စ်ပန်ညိုခံစစ်က အားနည်းမှုတစ်ခုလိုလည်း ဖြစ်နေနိုင်တယ်။ ဒါကြောင့် ရီး ယဲလ်ကိုရင်ဆိုင်ဖို့ စိတ်ဓာတ်တစ်ခုတည်းသာ အားကောင်း နေနိုင်တဲ့ အက်စ်ပန်ညိုကို ရီးယဲလ်မက်ဒရစ် အနိုင်ယူပြဖို့ မခက်လှဘူးထင်ပါတယ်။ ဘန်ဇီမာ ဂိုးသွင်းခြေတွေ့နေတဲ့ ရီး ယဲလ်တိုက်စစ်ကြောင့် ရီးယဲလ်နဲ့ ဂိုးအများကိုပဲ ရွေးထားရ မယ်ထင်တယ်။

ဂီတာဖေး - ဆိုစီဒက် (တနင်္ဂနွေည ၁၁း၀၀ နာရီ)

နည်းပြသစ်နဲ့ ဂီတာဖေးအသင်းရဲ့အခြေအနေ တော် တော်လေးဆိုးနေပြီး ရှုံးပွဲတွေလည်း တောက်လျှောက်ဖြစ်နေ တယ်။ အခုလည်း ဒီရာသီမှာ ခြေစွမ်းထက်နေတဲ့ ဆိုစီဒက်လို အသင်းကို ရင်ဆိုင်ရဦးမှာဆိုတော့ ဂီတာဖေးအတွက် မလွယ် လောက်ပါဘူး။ ဆိုစီဒက် ဘယ်လောက်အထိ ကစားပြနိုင်မလဲ ဆိုတာကပဲ ဒီပွဲကို အဆုံးအဖြတ်ပေးသွားမယ်လို့ ထင်တယ်။  လာလီဂါ နောက်ဆုံး (၅)ပွဲဆက်တိုက် ရှုံးနိမ့်ထားတဲ့ ဂီတာဖေး ကို ငြင်းထားပြီး ဆိုစီဒက်နဲ့ ဂိုးအနည်းကိုပဲ ဦးစားပေးထားသင့် တဲ့ ပွဲမျိုးဖြစ်နေတယ်။

ဗီလာရီးယဲလ် - ဘက်တစ် (တနင်္ဂနွေည ၁၁း၀၀ နာရီ)

ဗီလာရီးယဲလ်က ရှုံးပွဲမရှိသေးပေမဲ့ နိုင်ပွဲကလည်း တစ် ပွဲပဲရသေးတယ်။ ဘက်တစ်ကတော့ တစ်ပွဲရှုံးထားပြီးဖြစ်ပေမဲ့ နိုင်ပွဲမှာ ဗီလာရီးယဲလ်ထက် ပိုသာနေတယ်။ အခုနောက်ပိုင်း ဘက်တစ်ကစားပုံ အားပိုကောင်းလာသလို၊ စက်တင်ဘာလအ တွင်းကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၅)ပွဲမှာ ဘက်တစ်ရဲ့ဂိုးသွင်းနှုန်းက တစ်ပွဲကိုအနည်းဆုံး(၂)ဂိုးထိ ရှိနေတယ်။ ဗီလာရီးယဲလ်ကတော့ တိုက်စစ်ပိုင်း ပုံမှန်မရှိသေးပေမဲ့ ခံစစ်ကတော့ ဘက်တစ်ထက် ပိုကျစ်လျစ်တယ်။ ဒါကြောင့် အိမ်ရှင်လည်းဖြစ်တဲ့ ဗီလာရီးယဲလ် နဲ့ ဂိုးအများပဲ ရွေးထားချင်တယ်။

ဂရန်နာဒါ - ဆီဗီလာ (တနင်္လာနံနက် ၁း၃၀ နာရီ)

ခြေစွမ်းပုံမှန်မရှိ၊ အတက်အကျများနေတဲ့ ဂရန်နာဒါရဲ့ စွမ်းဆောင်နိုင်စွမ်းက အဓိကကျလိမ့်မယ်။ ဆီဗီလာကတော့ ခြေငြိမ်တဲ့အသင်းဖြစ်သလို အဝေးကွင်းမှာလည်း ထိန်းထိန်း သိမ်းသိမ်းကစားနေတာကို တွေ့ရတယ်။  ဂရန်နာဒါရဲ့ ဒီရာသီ အိမ်ကွင်းခြေစွမ်းမဆိုးပေမဲ့ အိမ်ကွင်းအားလောက်နဲ့တော့ ဆီဗီ လာကို ကျော်ဖြတ်အနိုင်ယူပြတဲ့အထိ ဖြစ်နိုင်ဖို့ မလွယ်လှပါ ဘူး။ အမှတ်ပေးဇယားထိပ်ဆုံးက ရီးယဲလ်အသင်းကို ဖိအားပေး နိုင်ဖို့ ကြိုးစားနေတဲ့ ဆီဗီလာနဲ့ ဂိုးအနည်းကိုပဲ ရွေးထားရမယ် ထင်တယ်။

Most Read

Most Recent