နိုင်ပွဲယူရမည့်အချိန် ရောက်ရှိနေပြီဟု လိဒ်စ်အသင်းနည်းပြဘီယဲလ်ဆာ ပြောကြား

နိုင်ပွဲယူရမည့်အချိန် ရောက်ရှိနေပြီဟု လိဒ်စ်အသင်းနည်းပြဘီယဲလ်ဆာ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 2 October 2021

 

လိဒ်စ်အသင်း၏ နည်းပြ ဘီယဲလ်ဆာက မိမိတို့အသင်းမှာ နိုင်ပွဲမဖြစ်မနေယူရမည့်အချိန်ရောက်ရှိနေပြီဟု ပြောကြားခဲ့သည်။ 

လိဒ်စ်အသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ်(၆)အပြီးတွင် နိုင်ပွဲမရသေးဘဲ (၃)ပွဲသရေ၊ (၃)ပွဲရှုံးနိမ့်ထားပြီး ယနေ့တွင် ဝက်ဖို့ဒ်အသင်းနှင့် အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

ဘီယဲလ်ဆာက "(၆)ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲမရသေးတာကြောင့် နိုင်ပွဲရယူနိုင်ဖို့ အရေးတကြီးလိုအပ်နေပါပြီ။ ကစားသမားတွေက ယုံကြည်ချက်ပျောက်ဆုံးနေတဲ့ အခြေအနေလည်း မဟုတ်ပါဘူး။ နိုင်ပွဲ ရယူနိုင်သင့်ပါပြီ" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent