မန်စီးတီးနှင့်ပွဲကို လီဗာပူးလ်နောက်ခံလူ အာနိုးလ် လွဲချော်မည်

မန်စီးတီးနှင့်ပွဲကို လီဗာပူးလ်နောက်ခံလူ အာနိုးလ် လွဲချော်မည်
Photo: Getty Images
Photo: Getty Images
Published 1 October 2021

လီဗာပူးလ်အသင်း၏ နောက်ခံလူ အာနိုးလ်သည် မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ရမည့်ပွဲကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။ 

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၇)အဖြစ် အောက်တိုဘာ(၃)ရက်(တနင်္ဂနွေနေ့)တွင် မန်စီးတီးအသင်းကို အိမ်ကွင်း အန်ဖီးလ်၌ လက်ခံကစားရမည်ဖြစ်သည်။ 

အသက် (၂၂)နှစ်အရွယ်ရှိ အင်္ဂလန်နောက်ခံလူ အာနိုးလ်သည် လေ့ကျင့်ရေးကွင်းတွင် ကြွက်သားဒဏ်ရာရရှိခဲ့ပြီး ယင်းဒဏ်ရာကြောင့် ပေါ်တိုအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲကို လွဲချော်ခဲ့သလို၊ မန်စီးတီးနှင့် ရင်ဆိုင်ရမည့် ပရီးမီးယားလိဂ်ပွဲကိုလည်း လွဲချော်ရမည့် အခြေအနေဖြစ်နေသည်။ 

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က "အာနိုးလ်နဲ့ သီယာဂိုတို့ မန်စီးတီးနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ ကြံ့ခိုင်မှုမပြည့်ဝပါဘူး။ ဒါပေမဲ့ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ သူတို့ ပြန်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

အာနိုးလ်နှင့် သီယာဂိုတို့သည် လက်ရွေးစင်အသင်းများမှလည်း ချန်လှပ်ခံခဲ့ရသည်။

Most Read

Most Recent