နှစ်ပေါင်း (၅၀) အတွင်း အသင်း၏ရာသီအဖွင့်အကောင်းဆုံးခံစစ် စွမ်းဆောင်ရည်မှတ်တမ်းကို ဆီဗီလာအသင်း ပြန်လည်ပိုင်ဆိုင်ခဲ့ 

နှစ်ပေါင်း (၅၀) အတွင်း အသင်း၏ရာသီအဖွင့်အကောင်းဆုံးခံစစ် စွမ်းဆောင်ရည်မှတ်တမ်းကို ဆီဗီလာအသင်း ပြန်လည်ပိုင်ဆိုင်ခဲ့ 
Photo: Getty Images
Photo: Getty Images
Published 27 September 2021

ဆီဗီလာအသင်းသည် ပြီးခဲ့သည့် လာလီဂါပွဲစဉ် (၇)တွင် အက်စ်ပန်ညို အသင်းအား (၂-၀)ဂိုးဖြင့်အနိုင်ရခဲ့ပြီး နောက် ၁၉၇၀-၇၁ ရာသီနောက်ပိုင်း အသင်း၏အကောင်းဆုံးရာသီအဖွင့် ခံစစ်စွမ်းဆောင်ရည်မှတ်တမ်းကို ပြန်လည်ပိုင်ဆိုင်ခဲ့ကြောင်းသိရသည်။

ဆီဗီလာအသင်းသည် ၁၉၇၀-၇၁ ရာသီက လာလီဂါရာသီ အစပွဲစဉ် (၆)ပွဲကစားပြီးချိန်တွင် ပေးဂိုး (၂) ဂိုးသာခွင့်ပြုခဲ့ရပြီး အသင်းသမိုင်း၏ အကောင်းဆုံးသောခံစစ်စွမ်းဆောင်ရည်အဖြစ်မှတ်တမ်းဝင်ထားခြင်းဖြစ်သည်။

ဆီဗီလာအသင်းအနေဖြင့် ယခု ၂၀၂၁-၂၂ ရာသီတွင်လည်း ရာသီအစ လာလီဂါပွဲစဉ် (၆)ပွဲကစားပြီးချိန်တွင် (ဘာစီလိုနာနှင့်ယှဉ်ပြိုင်ရမည့် ပွဲစဉ် ၄ မှာ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်) ပေးဂိုး (၂) ဂိုးသာခွင့်ပြုထားရပြီး အသင်း၏ အကောင်းဆုံးသော ခံစစ် စွမ်းဆောင်ရည်မှတ်တမ်းတစ်ခုကို လိုက်မီခဲ့ခြင်းဖြစ်သည်။

ဆီဗီလာအသင်းသည် ယခုရာသီလာလီဂါပွဲစဉ် (၇)အပြီးတွင် ပြိုင်ပွဲ၏ ပေးဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေသလို၊ ဥရောပထိပ်တန်းလိဂ် (၅) ခုတွင်လည်း မန်စီးတီး (ပေးဂိုး ၁ ဂိုး) ၏ နောက် ချယ်လ်ဆီး၊ နာပိုလီ (ပေးဂိုး ၂ ဂိုး) တို့နှင့်အတူ ဒုတိယပေးဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည်လျက် ရှိနေသည်။

ဆီဗီလာအသင်းသည် လာမည့်တစ်ပတ်တွင် ယှဉ်ပြိုင်မည့် ဂရန်နာဒါအသင်းနှင့် လာလီဂါပွဲစဉ်တွင် ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါက ၁၉၇၀-၇၁ ရာသီ (၇ ပွဲကစား ပေးဂိုး ၃ ဂိုး) က စံချိန်မှတ်တမ်းကိုချိုးဖျက်ကာ အသင်းသမိုင်းတစ်လျှောက် ရာ သီအဖွင့်အကောင်းဆုံးသော ခံစစ်စွမ်းဆောင်ရည်အဖြစ် စံချိန်သစ်တင်နိုင်မည်ဖြစ်သည်။

ဆီဗီလာအသင်းသည်  ပြီးခဲ့သည့်ရာသီကလည်း လာလီဂါ ပြိုင်ပွဲတွင် (၃၃)ဂိုးသာပေးခဲ့ရပြီး တတိယပေးဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။

Most Read

Most Recent