BLACKPINK အဖွဲ့ ပါရီဖက်ရှင်ရက်သတ္တပတ်သို့ တက်ရောက်မည်

BLACKPINK အဖွဲ့ ပါရီဖက်ရှင်ရက်သတ္တပတ်သို့ တက်ရောက်မည်
Photo: Allkpop
Photo: Allkpop
Published 27 September 2021

BLACKPINK အဖွဲ့ဝင် Rose’ နှင့် Jisoo တို့နှစ်ဦးက ပါရီဖက်ရှင် ရက်သတ္တပတ်သို့ တက်ရောက်ရန် ပါရီသို့ရောက်နေပြီ ဖြစ်ကြောင်းကို အီဖယ်မျှော်စင်ရှေ့မှဓာတ်ပုံများဖြင့် ပရိသတ်များအား ကြေညာလိုက်သည်။

စက်တင်ဘာ ၂၆ ရက်တွင် Jisoo က သူမ၏အင်စတာဂရမ်တွင် ကမ္ဘာကျော်အီဖယ်မျှော်စင်ရှေ့ ရိုက်ကူးထားသည့်ဓာတ်ပုံများကို တင်ထားပြီး Rose’ နှင့် ဆယ်လ်ဖီပုံတစ်ပုံ၊ တစ်ဦးတည်းတစ်ပုံတို့ကို တင်ခဲ့သည်။

ပါရီဖက်ရှင်ရက်သတ္တပတ်ကို စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၅ ရက်အထိ ပါရီတွင် ကျင်းပသွားမည်ဖြစ်ပြီး ထိုပွဲကို BLACKPINK အဖွဲ့ဝင်လေးဦးစလုံး တက်ရောက်မည်ဖြစ်သည်။

လေးဦးစလုံးကလည်း လက်ရှိတွင် ပြင်သစ်ထိပ်တန်းဖက်ရှင်ကုမ္ပဏီအချို့၏ Global Ambassador များအဖြစ် ဆောင်ရွက်နေပြီး Jisoo က Dior အတွက် ၊ Lisa က Celine အတွက် ၊ Rose’ က Yves Saint Laurent အတွက် ၊ Jennie က Channel အတွက် Ambassdor များအဖြစ် ခန့်အပ်ခံထားရသည်။

Most Read

Most Recent