ပရီးမီးယားလိဂ်ပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 25 September 2021

ချယ်လ်ဆီး - မန်စီးတီး (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၅ ရက် ညနေ ၆:၀၀ နာရီ)

မနှစ်က ချယ်လ်ဆီးက မန်စီးတီးကို အကြိမ်ကြိမ်ဒုက္ခပေးနိုင်ခဲ့တယ်ဆိုရင်တောင် မန်စီးတီးက ပိုကောင်းတဲ့၊ ပိုတောင့်တင်းတဲ့အသင်းအဖြစ်တော့ ယူဆလို့ရပါတယ်။ ဒါပေမဲ့ ဒီနှစ် ချယ်လ်ဆီးက အများကြီးပိုတိုးတက်လာတယ်။ အများကြီး ပိုအားကောင်းလာတယ်။ ဒါကြောင့် ဒီနှစ် ချယ်လ်ဆီးနဲ့ မန်စီးတီးက တကယ်အင်အားညီတဲ့၊ ခြေစွမ်းညီတဲ့အသင်းတွေဖြစ်လာပြီလို့ ပြောလို့ရတယ်။ ဒီရာသီ ခြေစွမ်းပိုင်းကိုကြည့်ရင် မန်စီးတီးက ပေါက်ကွဲအားပိုကောင်းတယ်။ ဒါပေမဲ့ တစ်ချက်တလေ ခြေချော်တတ်တယ်။ ချယ်လ်ဆီးက ပိုပြီးတည်ငြိမ်တယ်။ သက်သောင့်သက်သာရှိတယ်။ နိုင်ပွဲတွေကို မှန်မှန်ယူနိုင်တာကို တွေ့ရတယ်။ အသင်းလိုက်ယုံကြည်မှုအနေနဲ့ကြည့်ရင် မန်စီးတီးက မနှစ်ကထက် ယုံကြည်မှုတိုးလာတယ်ပြောလို့ မရဘူး။ ချယ်လ်ဆီးက ပိုပြီးယုံကြည်မှုမြင့်တက်လာတာတော့ အရမ်းသိသာပါတယ်။ ချယ်လ်ဆီးက ဒီရာသီ အဝေးကွင်းပွဲစဉ်တွေမှာ အသင်းကြီးတွေကို ရလဒ်ကောင်းတွေလည်း ယူနိုင်ခဲ့တယ်။ ဒီပွဲလည်း ချယ်လ်ဆီး ရလဒ်ကောင်းမယ်လို့ ယူဆတယ်။



မန်ယူ - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၅ ရက် ညနေ ၆:၀၀ နာရီ)

မန်ယူအတွက် ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်နိုင်တယ်။ ဗီလာက မာကျောပြီး၊ အသင်းလိုက် ကစားပုံကောင်းတယ်။ တိုက်စစ်ပိုင်းမှာလည်း အရည်အသွေးမြင့် ကစားသမားတွေရှိပြီး အထူးသဖြင့် ဘိုင်လေက မန်ယူ သတိထားရမယ့် ကစားသမားမျိုးဖြစ်တယ်။ မန်ယူအသင်းရဲ့တိုက်စစ်မှာ စီရော်နယ်လ်ဒို ဂိုးတွေသွင်းနေပေမဲ့ ကစားပုံက အားရစရာမဟုတ်သေးဘူး။ နိုင်ပွဲတော့ရမယ်။ ဂိုးမပြတ်နိုင်ဘူး။ (၂-၁)လောက်ပဲ ဖြစ်မယ်။



အဲဗာတန် - နောဝစ်ချ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၅ ရက် ည ၈:၃၀ နာရီ)

အဲဗာတန်က ပုံစံကောင်းပြနေပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာတော့ အက်စတွန်ဗီလာကို ဂိုးပြတ်အရှုံးပေးခဲ့ရတယ်။ နောဝစ်ချ်က အခုအချိန်အထိ ရုန်းကန်နေရဆဲဖြစ်ပြီး ခံစစ်ပိုင်းပြဿနာကလည်း တော်တော်လေးကြီးမားပါတယ်။ (၅)ပွဲကစား၊ (၅)ပွဲရှုံးထားပြီး (၁၄)ဂိုးတောင်ပေးထားရတဲ့ အသင်းအနေနဲ့ အဲဗာတန်ကိုလည်း (၂)ဂိုးလောက်တော့ အ နည်းဆုံးပေးလိမ့်မယ်။ အဲဗာတန်ကိုပဲ ကြိုက်တယ်။ 



လိဒ်စ် - ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၅ ရက် ည ၈:၃၀ နာရီ)

လိဒ်စ်က အဆင့် (၁၇)နေရာအထိ ရောက်နေတယ်။ သွင်းဂိုး (၅)ဂိုးပဲ ရထားတာက  သိပ်မဆိုးပေမဲ့ ပေးဂိုးက ကြောက်စရာကောင်းလောက်အောင် များနေတယ်။ တစ်ပွဲ (၂) ဂိုးနှုန်းထက်ကျော်နေတဲ့ ပေးဂိုးအရေအတွက်က ဝက်စ်ဟမ်း တိုက်စစ်အရည်အသွေးကြောင့် စိုးရိမ်စရာပါ။ လိဒ်စ်အသင်းရဲ့ ခြေစွမ်းကိုကြိုက်ပေမဲ့ ပိုမာကျောတဲ့ ဝက်စ်ဟမ်း အနိမ့်ဆုံးသရေကစားလိမ့်မယ်။ 



လက်စတာ - ဘန်လေ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၅ ရက် ည ၈:၃၀ နာရီ)

လက်စတာကို ဒီရာသီမှာ အများကြီးမျှော်လင့်ထားပေမဲ့ ရလဒ်ပိုင်းက စိတ်ပျက်စရာဖြစ်နေတယ်။ (၂)ပွဲနိုင်၊ (၃)ပွဲရှုံးဆိုတာ လက်စတာအတွက် မလုံလောက်ပါဘူး။ တိုက်စစ်ပိုင်းက သိသိသာသာအားနည်းနေတယ်။ ဘန်လေကလည်း ဒီရာသီ (၅)ပွဲပြီးချိန်အထိ နိုင်ပွဲမရသေးဘူး။ တိုက်စစ်ရော၊ ခံစစ်ပါ အားနည်းနေတယ်။ ဒီပွဲတော့ လက်စတာ နိုင်သင့်ပါတယ်။ (၁-၀)လောက်ပဲ ဖြစ်မယ်ထင်တယ်။ 



ဝက်ဖို့ဒ် - နယူးကာဆယ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၅ ရက် ည ၈:၃၀ နာရီ)

ဝက်ဖို့ဒ်က ဒီရာသီမှာ နိုင်ပွဲ (၂)ပွဲယူထားပြီးပြီ။ နယူးကာဆယ်က အခုအချိန်အထိ နိုင်ပွဲမရသေးဘူး။ ဝက်ဖို့ဒ်က အသင်းလိုက် ပိုညီညွတ်ပြီး ခြေစွမ်းလည်း ပိုကောင်းနေတယ်။ နယူးကာဆယ်ကတော့ ပြဿနာတွေအများကြီးရှိနေတာ တွေ့ရတယ်။ တန်းတက်အသင်း ဆိုပေမဲ့ လက်ရှိ ဝက်ဖို့ဒ်က နယူးကာဆယ်ထက် ပိုကောင်းနေပါတယ်။ နိုင်ပွဲအတွက် ဝက်ဖို့ဒ်ကိုပဲ ရွေးထားချင်တယ်။



ဘရန့်ဖို့ဒ် - လီဗာပူးလ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၅ ရက် ည ၁၁:၀၀ နာရီ)

ဘရန့်ဖို့ဒ်က အရမ်းအားကောင်းနေပြီး ပွဲတိုင်းမှာ ခြေစွမ်းပြနေတယ်။ ဒီရာသီမှာ မထင်မှတ်တာတွေလုပ်ပြနေတဲ့ အသင်းတွေထဲက တစ်သင်းလည်းဖြစ်တယ်။ လီဗာပူးလ်အတွက် ခက်ခဲမယ့်ပွဲတစ်ပွဲဖြစ်နိုင်တယ်။ ဆာလာ၊ မာနေတို့ ပုံစံကောင်းပြနေတဲ့တိုင် ဘရန့်ဖို့ဒ်ခံစစ်ကို ခက်ခက်ခဲခဲကျော်ဖြတ်ရလိမ့်မယ်ထင်တယ်။ အရှိန်အဝါနဲ့ အင်အားအရ လီဗာပူးလ် နိုင်ဖို့ရှိပေမဲ့ (၀-၁)လောက်ပဲ ဖြစ်မယ်။

 

Most Read

Most Recent