ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်နှစ်ထက် တစ်နှစ် ပိုခက်လာသည်ဟု ဂွါဒီယိုလာ ဆို

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်နှစ်ထက် တစ်နှစ် ပိုခက်လာသည်ဟု ဂွါဒီယိုလာ ဆို
Photo: Getty Images
Photo: Getty Images
Published 25 September 2021

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်နှစ်ထက် တစ်နှစ် ပိုခက်လာကြောင်း ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဆုကို နောက်ဆုံး(၄)ရာသီတွင် (၃)ကြိမ်အထိ ရယူထားနိုင်သလို၊ ယခုရာသီတွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေသည်။ 

သို့သော် ဂွါဒီယိုလာက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အရမ်းခက်ခဲပြီး ချန်ပီယံဆုကို ဆက်ထိန်းနိုင်ရန်မှာ ကြီးမားသည့်စိန်ခေါ်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဂွါဒီယိုလာက "ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ တစ်နှစ်ထက် တစ်နှစ် ပိုခက်လာတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြိုင်ဆိုင်မှုအရမ်းပြင်းထန်ပြီး ချန်ပီယံဆုကို ကာကွယ်ဖို့အတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေကို ကျွန်တော်တို့ ရင်ဆိုင်ရမှာပါ။ ဒါပေမဲ့ အဲဒီစိန်ခေါ်မှုတွေကို ကျွန်တော်တို့ လက်ခံပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တာက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဆွဲဆောင်မှုပါပဲ။ ပြီးတော့ ပရီးမီးယားလိဂ်မှာ ထိပ်တန်းနည်းပြတွေ ရှိပြီး ထိပ်တန်းအသင်းတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အခု ပရိသတ်တွေလည်း ကွင်းအတွင်း ပြန်လာပြီဆိုတော့ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ခွင့်ရတာကိုက ဂုဏ်ယူစရာပါ"ဟု ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၆)အဖြစ် ယနေ့(စက်တင်ဘာ ၂၅ ရက်)ယခုရာသီတွင် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေသည့် ချယ်လ်ဆီးအသင်းကို အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

မန်စီးတီးအသင်းသည် ချယ်လ်ဆီးအသင်းကို နည်းပြ တူဟယ်လ် ကိုင်တွယ်ပြီးနောက် ရင်ဆိုင်ခဲ့သည့် (၃)ပွဲစလုံး အရေးနိမ့်ထားပြီး ယခုပွဲတွင် ရလဒ်ကောင်းအောင် ကြိုးစားသွားမည်ဟု ဂွါဒီယိုလာက ဆိုခဲ့သည်။ 

Most Read

Most Recent