ဂွါဒီယိုလာကို လေးစားမှုအပြည့်ရှိကြောင်း ချယ်လ်ဆီးနည်းပြ တူဟယ်လ် ပြောကြား

ဂွါဒီယိုလာကို လေးစားမှုအပြည့်ရှိကြောင်း ချယ်လ်ဆီးနည်းပြ တူဟယ်လ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 25 September 2021

ချယ်လ်ဆီးနည်းပြ တူဟယ်လ်က မိမိအနေဖြင့် မန်စီးတီးနည်းပြ ဂွါဒီယိုလာကို လေးစားမှုအပြည့်ရှိကြောင်း ပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၆)အဖြစ် ယနေ့(စက်တင်ဘာ ၂၅ ရက်)တွင် မန်စီးတီးအသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်၌ လက်ခံကစားရမည်ဖြစ်သည်။ 

မန်စီးတီးနှင့်ပွဲကြိုမီဒီယာတွေ့ဆုံမှုတွင် တူဟယ်လ်က ဂွါဒီယိုလာကို လေးစားမှုအပြည့်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

တူဟယ်လ်က "ကျွန်တော့်အနေနဲ့ ဂွါဒီယိုလာကို လေးစားမှုအပြည့်ရှိပါတယ်။ သူ့ရဲ့စွမ်းဆောင်မှုတွေအပေါ် ကျွန်တော် လေးစားအားကျပါတယ်။ ဒါက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဂွါဒီယိုလာ ယူပေးခဲ့တဲ့ ဆုဖလားတွေ၊ သူ့ရဲ့လွှမ်းမိုးမှုတွေကို အားလုံးမြင်တဲ့အတိုင်းပါပဲ။ ကျွန်တော့်အနေနဲ့ ကိုယ့်ကိုယ်ကို ဘယ်သူနဲ့ မနှိုင်းယှဉ်ပါဘူး။ ဒီနေ့ တူဟယ်လ်က မနေ့က တူဟယ်လ်ထက် ပိုကောင်းရင် လုံလောက်ပါပြီ"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် တူဟယ်လ်က ယနေ့တွင် ကစားမည့် မန်စီးတီးအသင်းနှင့် ပွဲမှာ ချန်ပီယံဆုအတွက် အဆုံးအဖြတ် မဟုတ်သေးသော်လည်း ၎င်းတို့နှစ်သင်းစလုံး (၆)မှတ်တန်ပွဲဖြစ်ကြောင်း၊ မန်စီးတီးနှင့်ပွဲတွင် ရလဒ်ကောင်းရရန် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် တူဟယ်လ်လက်ထက်တွင် မန်စီးတီးအသင်းနှင့် ကစားခဲ့သည့် (၃)ပွဲစလုံး အနိုင်ရရှိထားသည်။ 

Most Read

Most Recent