ဘာစီလိုနာနည်းပြရာထူးကို စိတ်မဝင်စားဟု တန်ဟက်ဂ် ဆို     

ဘာစီလိုနာနည်းပြရာထူးကို စိတ်မဝင်စားဟု တန်ဟက်ဂ် ဆို     
Photo: Sky Sports
Photo: Sky Sports
Published 24 September 2021

အေဂျက်စ်အသင်း၏ နည်းပြ တန်ဟက်ဂ်က ဘာစီလိုနာအသင်း၏ နည်းပြရာထူးကို စိတ်မဝင်စားကြောင်း ငြင်းဆန်ပြောကြားခဲ့သည်။ 

ဘာစီလိုနာအသင်းသည် လက်ရှိနည်းပြ ရော်နယ်လ်ကိုးမန်းကို ထုတ်ပယ်၍ နည်းပြသစ် အစားထိုးခန့်အပ်ရန် စီစဉ်နေရာ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်နှင့် အေဂျက်စ်နည်းပြ တန်ဟက်ဂ်တို့ကို ချိန်ရွယ်နေကြောင်း သတင်းထွက်ပေါ်နေသည်။ 

ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်က အဆိုပါသတင်းများမှာ ကောလာဟလသာဖြစ်သည်ဟု ငြင်းဆန်ခဲ့သည်။ 

ယခုအခါ တန်ဟက်ဂ်ကလည်း အေဂျက်စ်အသင်းကိုသာ အာရုံစိုက်ထားပြီး မရေရာသည့်သတင်းများကို စိတ်မဝင်စားဟု တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent