ဒါဘီအသင်းပိုင်ရှင် မဲလ်မောရစ်ကို ရွန်နီ ပြစ်တင်ပြောဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ဒုက္ခရောက်နေချိန်၌ အသင်းကို စွန့်ခွာသွားမည်မဟုတ်ဟု ဆို

ဒါဘီအသင်းပိုင်ရှင် မဲလ်မောရစ်ကို ရွန်နီ ပြစ်တင်ပြောဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ဒုက္ခရောက်နေချိန်၌ အသင်းကို စွန့်ခွာသွားမည်မဟုတ်ဟု ဆို
Photo: Getty Images
Photo: Getty Images
Published 24 September 2021

လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီ အသင်း၏ နည်းပြ ၀ိန်းရွန်နီသည် အသင်းပိုင်ရှင် မဲလ်မောရစ်ကို ပြစ် တင်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    

ဒါဘီအသင်းသည် ဘဏ္ဍာရေးပြဿနာများကို ဖြေရှင်းနိုင်ခြင်းမရှိသဖြင့် လက်ရှိအချိန်တွင် စီမံခန့်ခွဲမှုအဖွဲ့ထံ အပ်နှံထားရပြီး အပြင်းထန်ဆုံးပြစ်ဒဏ်အဖြစ် (၂၁)မှတ်အထိ အမှတ်လျှော့ခံရမည့်အလားအလာ ရှိနေသည်။ 

အသင်းအရောင်းအဝယ်ဖြစ်ပြီး ဘဏ္ဍာရေးပြဿနာကို ဖြေရှင်းနိုင်မှသာ အမှတ်လျှော့ပြစ်ဒဏ်မှာ လျော့ကျဖွယ်ရှိနေကြောင်း သိရ သည်။ 

ယင်းကဲ့သို့ အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် ရွန်နီက အသင်းကို စွန့်ခွာသွားမည်မဟုတ်ဟု ပြောကြားခဲ့သော်လည်း အသင်းပိုင်ရှင် မဲလ်မောရစ်ကိုမူ ပြစ်တင်ပြောဆိုမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

ရွန်နီက "မောရစ်က လေးစားမှုမရှိ၊ ရိုးသားမှုမရှိတဲ့သူပါ။ သြဂုတ်လ(၉)ရက်ကတည်းက သူ ကျွန်တော့်ကို ဖုန်းလည်း မခေါ်၊ မက်ဆေ့ချ်လည်း မပို့ပါဘူး။ စိတ်ပျက်စရာကောင်းတဲ့လုပ်ရပ်ပါ။ ဒါပေမဲ့ အသင်းကို ကျွန်တော် စွန့်ခွာသွားမှာမဟုတ်ပါဘူး။ (၁၂)မှတ် လျှော့ခံရရင်လည်း  ရှင်သန်နိုင်မယ်လို့ထင်ပါတယ်"ဟု ဆိုခဲ့သည်။

Most Read

Most Recent