BLACKPINK အဖွဲ့ကို Sustainable Development Goals ကိုယ်စားလှယ်များအဖြစ် ကုလသမဂ္ဂက ခန့်အပ်

BLACKPINK အဖွဲ့ကို Sustainable Development Goals ကိုယ်စားလှယ်များအဖြစ် ကုလသမဂ္ဂက ခန့်အပ်
Photo:Knews
Photo:Knews
Published 20 September 2021
Ref: Knews

ကုလသမဂ္ဂက ၎င်းတို့၏ Sustainable Development Goals စီမံချက် ကိုယ်စားလှယ်သစ်များအဖြစ် လျှမ်းလျှမ်းတောက် ကေပေါ့အဖွဲ့ BLACKPINK ကို ရွေးချယ်လိုက်သည်။

စက်တင်ဘာ ၁၈ ရက် YG Entertainment ကြေညာချက်အရ BLACKPINK သည် ကုလကိုကိုယ်စားပြုကာ Sustainable Development Goals အားပေးမြှင့်တင်မည့်သူများအဖြစ် ပထမဆုံးရွေးချယ်ခံရသည့် အာရှအနုပညာရှင်အဖွဲ့ဖြစ်သည်။

ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရတ်စ်၏ ရွေးချယ်ခန့်အပ်မှုအပေါ် BLACKPINK အဖွဲ့ဝင်များက ပိုမိုကောင်းမွန်သည့် ကမ္ဘာမြေသို့ခရီးတွင် လက်တွဲပါဝင်ခွင့်ရသည်ကို ဂုဏ်ယူသည်ဟု ဆိုသည်။

Sustainable Development Goals (SDGs) ဆိုသည်မှာ ဆင်းရဲမွဲမှု၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးလာမှု၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုတို့အပါအဝင် ကမ္ဘာ့စိန်ခေါ်မှုအရပ်ရပ်ကို ဖြေရှင်းကာ ၂၀၃၀ အမီ အားလုံးအတွက် ပိုကောင်းသည့် အနာဂတ်ဖြစ်ရေးကို ဦးတည်သည့် ရည်မှန်းချက် ၁၇ ရပ်ပါ စီမံကိန်းကြီးဖြစ်သည်။ 

BLACKPINK သည် နိုဝင်ဘာတွင် ပြုလုပ်မည့် ကုလသမဂ္ဂရာသီဥတု ဖောက်ပြန်မှု တိုက်ဖျက်ရေးညီလာခံ (COP26) ကို အားပေးထောက်ခံသူများအဖြစ် ဆောင်ရွက်ပေးရန်လည်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ယခုနှစ်စောပိုင်းက ဖိတ်ကြားထားသည်။

Most Read

Most Recent