ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စုစုပေါင်း ရာထူးလေးသောင်းကျော်အား ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်သို့ ပြန်လည်ပြောင်းရွှေ့

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စုစုပေါင်း ရာထူးလေးသောင်းကျော်အား ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်သို့ ပြန်လည်ပြောင်းရွှေ့
Published 16 September 2021

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန လက်အောက်ရှိအထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ စုစုပေါင်းရာထူး လေးသောင်း ကျော်အားပြည်ထဲရေးဝန်ကြီးဌာန လက်အောက်သို့  ပြန်လည်ပြောင်းရွှေ့လိုက်ကြောင်း မြန်မာနိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြချက် အရ သိရသည်။

ယခင်ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား NLD အစိုးရလက်ထက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဖွဲ့ စည်း၍ ယင်းဝန်ကြီးဌာန လက်အောက်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ယခုအခါအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအား ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်သို့ ပြန်လည်ပြောင်းရွှေ့ ခြင်းနှင့်အတူ အရာထမ်း၊ အမှုထမ်းများကိုလည်း ပြန်တမ်းဖြင့် ပြောင်းရွှေ့ဖွဲ့စည်း ခြင်း ဖြစ်သည်။

ဇွန် ၁၇ ရက်က ပြုလုပ်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအရ ယင်းသို့ ပြောင်းရွှေ့ ပြင်ဆင်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရ သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အင်အားဖြစ်သော အရာထမ်းရာထူး ၁၉၂၃ နေရာ၊ အမှုထမ်းရာထူး ၃၈၈၄၀ နေရာ စုစုပေါင်း ၄၀၇၆၃ နေရာအား ပြည်ထဲရေး ဝန် ကြီးဌာနလက်အောက်သို့ ပြောင်းရွှေ့ပြင် ဆင်ဖွဲ့စည်းလိုက်ကြောင်း ပြန်တမ်းတွင် ဖော် ပြထားသည်။

ယင်းကြောင့် ပြည်ထဲရေးဝန်ကြီး ဌာန၏ ဖွဲ့စည်းပုံအား အရာထမ်းရာထူး ၈၉၈၁ နေရာ၊ အမှုထမ်းရာထူး ၂၅၁၄၃၀ နေ ရာ စုစုပေါင်း ၂၆၀၄၁၁ နေရာဖြင့် ပြင်ဆင် ဖွဲ့စည်း ခွင့်ပြုလိုက်ကြောင်း ပြန်တမ်းတွင်ဖော်ပြ ထား သည်ကို တွေ့ရသည်။

Most Read

Most Recent