မြောက်အမေရိက Box Office တွင် အာရှနွယ်ဖွား သရုပ်ဆောင်အများစု ပါဝင်သည့် Shang-Chi ဇာတ်ကားက နှစ်ပတ်ဆက်တိုက် လူကြည့်အများဆုံးဖြစ်နေ

မြောက်အမေရိက Box Office တွင် အာရှနွယ်ဖွား သရုပ်ဆောင်အများစု ပါဝင်သည့် Shang-Chi ဇာတ်ကားက နှစ်ပတ်ဆက်တိုက် လူကြည့်အများဆုံးဖြစ်နေ
Photo:CBR
Photo:CBR
Published 14 September 2021

မာဗယ်စတူဒီယိုမှထုတ်လုပ်ပြီး ဒစ္စနေမှဖြန့်ချိလိုက်သည့် Shang-Chi and the Legend of the Ten Rings ဇာတ်ကားကြီးသည် ပြီးခဲ့သည့် သီတင်းပတ်အတွက် မြောက်အမေရိကတွင် ရုံတင်လက်မှတ်ရောင်းရငွေ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၇ သန်း ရထားပြီး Box Office ထိပ်ဆုံးနေရာတွင် နှစ်ပတ်ဆက်တိုက် ဦးဆောင်ထားသည်။

Shang-Chi သည် မာဗယ်စတူဒီယို၏ အာရှနွယ်ဖွား စူပါဟီးရိုးတစ်ဦးကို ပထမဆုံးပွဲထုတ်ထားသည့် ဇာတ်ကားဖြစ်ပြီး ခေါင်းဆောင်မင်းသားနေရာမှ တရုတ်နွယ်ဖွား ကနေဒါမင်းသား Simu Lin က ပါဝင်ကာ တရုတ်-အမေရိကန်သား ဖခင်၊ ကိုရီးယားသူ မိခင်မှ ဆင်းသက်လာသူ အမေရိကန်မင်းသမီး Awkwafina ၊ အာရှတွင် အအောင်မြင်ဆုံး နိုင်ငံကျော်မင်းသား တစ်လက်အဖြစ် ထင်ရှားသူ ဟောင်ကောင်မင်းသား Tony Leung နှင့် မီရှဲယိုတို့လည်း ပါဝင်ထားသည်။

အာရှနွယ်ဖွား ဒါရိုက်တာတစ်ဦးက ရိုက်ကူးပြီး အာရှနွယ်ဖွားသရုပ်ဆောင် အများစုပါဝင်သည့် မာဗယ်စတူဒီယို၏ ပထမဆုံးရုပ်ရှင်ဇာတ်ကား Shang-Chi and the Legend of the Ten Rings ကို၂၀၂၀ ခုနှစ် ဖေဖော်ဝါရီတွင် ရိုက်ကူးမှုစတင်ခဲ့ပြီး ကိုဗစ်ကပ်ရောဂါကြောင့် မတ်လတွင် ရပ်နားခဲ့သည်။ သို့သော် သြဂုတ်တွင် ရိုက်ကူးရေးပြန်စတင်ခဲ့ပြီး အောက်တိုဘာတွင်ရိုက်ကူးပြီးစီးသွားခဲ့သည်။

အမေရိကန် ဒေါ်လာသန်း ၈၀ ဖြင့် Box Office အဖွင့်လှခဲ့သည့် (စကားလက် ဂျိုဟန်ဆန် ခေါင်းဆောင်ပါဝင်သည့်) Black Widow ဇာတ်ကားကြီးပြီးလျှင် Shang-Chi က ယခုနှစ် ကပ်ဘေးကာလအတွင်း ပွဲဦးထွက်လှစေခဲ့သည့် ဒုတိယမြောက် ဇာတ်ကားဖြစ်သည်။ 

Most Read

Most Recent