၂၀၂၁ ခုနှစ်အတွင်း ထုတ်လွှင့်ရန်ကျန်ရှိနေသော ဇာတ်ကားသစ်များကို ရုပ်ရှင်ရုံများ၌သာ ပြသမည်ဟု Disney ထုတ်ပြန်

၂၀၂၁ ခုနှစ်အတွင်း ထုတ်လွှင့်ရန်ကျန်ရှိနေသော ဇာတ်ကားသစ်များကို ရုပ်ရှင်ရုံများ၌သာ ပြသမည်ဟု Disney ထုတ်ပြန်
Published 11 September 2021

ကပ်ရောဂါ၏ အဆုံးမသတ်နိုင်သော ဖိစီးနှိပ်စက်မှုဒဏ်နှင့် အွန်လိုင်းရုပ်သံ ထုတ်လွှင့်ဝန်ဆောင်မှု များပြားလာခြင်းကြောင့် ရုပ်ရှင်ရုံများသို့ သွားရောက်၍ ဇာတ်ကားကြည့်ရှုမှုအလေ့ လျော့နည်းစပြုလာခဲ့သည်။

၂၀၂၁ ခုနှစ်အတွင်း ပြသရန်ကျန်ရှိနေသော ဇာတ်ကားသစ်များကို ရုပ်ရှင်ရုံများ၌သာ သီးသန့်ရုံတင်ပြသတော့မည် ဖြစ်ကြောင်း Walt Disney ကုမ္ပဏီက စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ပြသရန်ကျန်ရှိနေသော ဇာတ်ကားသစ်များထဲ၌ နိုဝင်ဘာ ၅ ရက်တွင် ထွက်ရှိမည့် Eternals ဇာတ်ကား၊ အောက်တိုဘာ ၁၅ ရက်တွင် ထွက်ရှိမည့် The Last Duel ဇာတ်ကား၊ အောက်တိုဘာ ၂၂ ရက်တွင် ထွက်ရှိမည့် Ron’s Gone Wrong အန်နီမေးရှင်းဇာတ်ကား၊ ဒီဇင်ဘာ ၁၀ ရက်နှင့်၂၂ ရက်တွင် ထွက်ရှိမည့် West Side Story နှင့် The King’s Man ဇာတ်ကားတို့ ပါဝင်သည်။ နိုဝင်ဘာ ၂၄ ရက်တွင် ထွက်ရှိမည့် Encanto အန်နီမေးရှင်းဇာတ်ကားကို ရက် ၃၀ ရုံတင်ပြသပြီးမှ Disney+ တွင် ထုတ်လွှင့်မည်ဖြစ်သည်။

Most Read

Most Recent