စီးရီးအေပွဲစဉ် (၂)  ပွဲကြိုသုံးသပ်ချက် 

စီးရီးအေပွဲစဉ် (၂)  ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 27 August 2021

အူဒီးနီးစ် - ဗင်နီဇီယာ (မြန်မာစံတော်ချိန် သြဂုတ်လ ၂၇ ရက် ည ၁၁:၀၀ နာရီ)

ဂျူဗင်တပ်စ်ကို သရေကစားပြတဲ့ အူဒီးနီးစ်ရဲ့ခြေစွမ်းက အထင်ကြီးစရာပါ။ အသင်းလိုက်မာဂုဏ်မြင့်မားမှုကိုလည်း မြင်ရတယ်။ ဗင်နီဇီယာက ကြိုးစားကစားပြီး စုစည်းမှုကောင်းမွန်ပေမဲ့ ခံစစ်က အမှားတွေများတာ တွေ့ရပါတယ်။ အူဒီးနီးစ်နဲ့ ဂိုးအနည်း ဖြစ်လာနိုင်တယ်။ 

 

ဗီရိုနာ - အင်တာမီလန် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၈ ရက် နံနက် ၁:၁၅ နာရီ)

 အင်တာမီလန်နည်းပြ ဆီမြွန်နီအင်ဇာဂီက သံသယမေးခွန်းတွေကို ဂိုးပြတ်အဖွင့်ပွဲနဲ့ ပျောက်ကွယ်စေခဲ့ပြီ။ လာဇီယို တုန်းကလိုပဲ သူ့အသင်းကို 3 Backs နဲ့ ကစားစေပြီး WB အဖြစ် ပါရီဆစ်နဲ့ ဒါမီယန်က အသုံးတော်ခံနေတယ်။ ထူးခြားတာက ပါရီဆစ်နဲ့ ချာဟာနိုဂလူးကို ဘယ်ခြမ်းမှာထားတာဖြစ်ပြီး သူတို့နှစ်ဦးက တစ်လှည့်စီ အတွင်းဝင်ကစားလိုက်၊ တောင်ပံထွက်ကစားလိုက်ပုံစံကို မြင်ရတယ်။ အဲဒီနေရာက အင်တာမီလန်ရဲ့အားအကောင်းဆုံးနေရာဖြစ်လာပြီး ဂျက်ကိုကလည်း အဖွင့်ပွဲမှာ ဂိုးရလို့ ယုံကြည်မှုမြင့်နေနိုင်တယ်။ ဗီရိုနာက ဆာဆူအိုလိုကို ရှုံးခဲ့ပေမဲ့ ဗယ်လော့ဆို ထုတ်ပယ်ခံရပြီး တစ်ယောက်လျော့နဲ့ ကစားခဲ့ရလို့ပါ။ အသင်းလိုက်ကစားပုံ မာကျောပြီး တိုက်စစ်မှာ ဘာရက်ခ်၊ ကာလီနစ်တို့လို ကစားသမားကောင်းတွေရှိနေတယ်။ အင်တာမီလန် ကပ်နိုင်ရုံပါပဲ။ 

 

Most Read

Most Recent