ယခုနွေရာသီ၌ ကစားသမားရောင်းချခြင်းမှ ချယ်လ်ဆီးအသင်း ပေါင်(၉၈.၄)သန်း ရရှိခဲ့ပြီး လူကာကူအတွက် ပေးခဲ့ရသည့်ကြေးထက် ပိုမိုရရှိ

ယခုနွေရာသီ၌ ကစားသမားရောင်းချခြင်းမှ ချယ်လ်ဆီးအသင်း ပေါင်(၉၈.၄)သန်း ရရှိခဲ့ပြီး လူကာကူအတွက် ပေးခဲ့ရသည့်ကြေးထက် ပိုမိုရရှိ
Photo: Roma Twitter
Photo: Roma Twitter
Published 26 August 2021

ချယ်လ်ဆီးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းရှိကစားသမားများအား ရောင်းချခြင်းမှ ပေါင်သန်း (၁၀၀)နီးပါး (ပေါင် ၉၈.၄သန်း)ရရှိခဲ့ပြီး အမြတ်အစွန်းငွေများစွာရရှိခဲ့ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

ယခုနွေရာသီတွင် ချယ်လ်ဆီးအသင်းသည် ကစားသမားသစ်များအဖြစ် ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူနှင့် ဖူလ်ဟမ်ဂိုးသမား ဘတ်တင်နယ်လီတို့ကို ခေါ်ယူထားပြီး ပြောင်းရွှေ့ကြေးငွေသုံးစွဲထားခြင်းမှာ ပေါင် (၉၈)သန်းရှိသည်။

သို့ဖြစ်ရာ ကစားသမားရောင်းချရခြင်းမှ ရရှိငွေမှာ ကစားသမားသစ်ခေါ်ယူမှုအတွက် သုံးစွဲသည့်ငွေကြေးထက် ပိုမိုများပြားနေကြောင်း သိရှိရသည်။

ထို့ပြင် ယခုနွေရာသီ၌ ချယ်လ်ဆီးအသင်းရောင်းချသော ကစားသမားအများစုမှာ ကလပ်အသင်းအကယ်ဒမီမှထွက်ပေါ်လာသော ကစားသမားများနှင့် ပြောင်းရွှေ့ကြေးငွေ နည်းပါးစွာပေးဝယ်ထားသည့် ကစားသမားများဖြစ်ရာ အသင်းအနေဖြင့် အမြတ်အစွန်းများစွာ ရရှိခဲ့ကြောင်း သိရှိရသည်။

ယခုနွေရာသီ၌ ချယ်လ်ဆီးအသင်းအတွက် ကြေးအများဆုံးရရှိစေခဲ့သည့်ကစားသမားမှာ ရိုးမားအသင်းထံ ရောင်းချခဲ့သည့် တိုက်စစ်မှူး အေဘရာဟမ် (၃၄ သန်း) ဖြစ်သည်။

Most Read

Most Recent