ပြီးခဲ့သည့်ရာသီက ဥရောပထိပ်တန်းလိဂ်(၅)ခုတွင် ကွင်းဝင်ကြေး ယူရို(၂)ဘီလီယံခန့်နစ်နာ

ပြီးခဲ့သည့်ရာသီက ဥရောပထိပ်တန်းလိဂ်(၅)ခုတွင် ကွင်းဝင်ကြေး ယူရို(၂)ဘီလီယံခန့်နစ်နာ
Photo: UEFA
Photo: UEFA
Published 26 August 2021

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီ ဘောလုံးပွဲစဉ်များကို ကွင်းပိတ်ကစားခဲ့ရရာ ဥရောပထိပ်တန်းလိဂ် (၅)ခုအနေဖြင့် ကွင်းဝင်ကြေး ယူရို (၂)ဘီလီယံဆုံးရှုံးနစ်နာခဲ့ကြောင်း နယ်သာလန်အခြေစိုက် စီးပွားရေးဆိုင်ရာဝန်ဆောင်မှု ကုမ္ပဏီ KPMG ၏ စစ်တမ်းအရ သိရှိရသည်။

ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့သည့် ၂၀၂၀ မတ်လတွင် ဘောလုံးပွဲစဉ်များကို ရပ်နားခဲ့ရပြီး ပြန်လည်ကစားရာတွင်လည်း ပရိသတ်မပါဘဲ ကွင်းပိတ်ကစားခဲ့ရသည်။

ထို့ကြောင့် ၂၀၁၉-၂၀ ရာသီတွင် ဥရောပထိပ်တန်းလိဂ် (၅)ခုမှာ ကွင်းဝင်ကြေး ယူရိုသန်း (၅၀၀)ခန့် နစ်နာခဲ့သည့်အပြင် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီတွင်မူ တစ်ရာသီလုံး ကွင်းပိတ်ကစားခဲ့ရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရာသီပိတ်သိမ်းခါနီး ပွဲစဉ်အချို့ တွင် ပရိသတ်အချို့ကို ဝင်ရောက်ကြည့်ရှုခွင့်ပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီတွင် ဥရောပထိပ်တန်းလိဂ် (၅)ခုဖြစ်သည့် ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒစ်လီဂါနှင့် ပြင်သစ်လီဂူးတို့၏ ကွင်းဝင်ကြေးဆုံးရှုံးမှုမှာ ယူရို (၂)ဘီလီယံနီးပါး ရှိခဲ့ခြင်းဖြစ်သည်။

KPMG ၏စစ်တမ်းတွင် ဥရောပကလပ်အသင်းပွဲစဉ်များကို ကွင်းပိတ်ကစားခဲ့ရသည့် ထိပ်တန်းလိဂ်(၅)ခု၏ ကွင်းဝင်ကြေး ဆုံးရှုံးနစ်နာမှုမှာ ယူရို (၂)ဘီလီယံခန့်ရှိကြောင်း ဖော်ပြထားသည်။

ယင်းအတွက် ဥရောပကလပ်အသင်းများမှာ ဘဏ္ဍာရေးအကျပ်အတည်းများနှင့် ရင်ဆိုင်နေရခြင်းဖြစ်ပြီး ယခုရာသီတွင် ပရီးမီးယားလိဂ်နှင့် ပြင်သစ်လီဂူးတို့သာ ပရိသတ်အပြည့် ဝင်ရောက်ခွင့်ပြုထားပြီး အခြားလိဂ်များမှာ အကန့်အသတ်ဖြင့်သာ ခွင့်ပြုထားသည်။

Most Read

Most Recent