ပြင်သစ်လီဂူးပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက်

ပြင်သစ်လီဂူးပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက်
Photo: Twitter
Photo: Twitter
Published 22 August 2021

လိုင်ယွန် - ကလယ်မွန့် (တနင်္ဂနွေညနေ ၅း၃၀ နာရီ)

နိုင်ပွဲမရသေးတဲ့ လိုင်ယွန်တို့ အိမ်ကွင်းမှာ ပြင်းပြင်းထန် ထန် ပေါက်ကွဲလာဖို့ရှိနေတယ်။ ဒါပေမဲ့ တန်းတက် ကလယ်မွန့် ရဲ့ ယုံကြည်မှုနဲ့ခြေစွမ်းက လိုင်ယွန်ကို အခက်တွေ့စေဦးမှာပါ။ ကလယ်မွန့်တော့ သရေလောက် မျှော်လင့်နိုင်မယ်ထင်တယ်။

ဘော်ဒိုး - အန်ဂါစ် (တနင်္ဂနွေည ရး၃၀ နာရီ)

နှစ်ပွဲဆက်အနိုင်နဲ့ အန်ဂါစ်တို့ ဇယားထိပ်ဆုံးမှာ ဦးဆောင် နေတယ်။ ဒီအရှိန်ကို အန်ဂါစ်တို့ ဆက်ထိန်းဖို့ကြိုးစားလာမှာပါ။ ဘော်ဒိုးက ခြေမငြိမ်တဲ့အသင်းပါ။ အန်ဂါစ်တို့ နိုင်ပွဲဆက်မယ်။

မက်ဇ် - Reims (တနင်္ဂနွေည ရး၃၀ နာရီ)

မက်ဇ်တို့ အိမ်ကွင်းဆိုပေမဲ့ Reims ရဲ့ ရုန်းကန်အားကို ထိန်းဖို့ခက်လိမ့်မယ်။ Reims တို့အနိမ့်ဆုံးသရေကစားပါမယ်။

မောင့်ပယ်လီယာ - လော်ရီယန့် (တနင်္ဂနွေည ရး၃၀ နာရီ)

ရာသီအစမှာ အထလေးနေတဲ့ မောင့်ပယ်လီယာတို့ အိမ် ကွင်းမှာ နိုင်ပွဲနဲ့ အခွင့်အရေးယူနိုင်မလား စောင့်ကြည့်ရမယ်။ လော်ရီယန့် ခြေမာပေမဲ့ မောင့်ပယ်လီယာကိုပဲ ရွေးထားမယ်။

စထရာဘိုး - ထရွိုင်စ် (တနင်္ဂနွေည ရး၃၀ နာရီ)

ရာသီအဖွင့် (၂)ပွဲဆက်ရှုံးနိမ့်ထားတဲ့ အသင်း (၂)သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်သူ နိုင်ပွဲနဲ့ ရုန်းထွက်နိုင်မလဲ။ အိမ် ကွင်းအားကောင်းတဲ့ စထရာဘိုးကိုပဲ ရွေးထားချင်တယ်။

ရန်းစ် - နန့်စ် (တနင်္ဂနွေည ၉း၃၀ နာရီ)

နန့်စ်က ရာသီအဖွင့်ကာလမှာ တည်ငြိမ်မှုကို ပြနေတယ်။ ရန်းစ်ကလည်း အိမ်ကွင်းမှာ အမှားခံမယ်မထင်ပါဘူး။ ကစားပုံ ပိုမိုကျစ်လျစ်တဲ့ ရန်းစ်ကိုပဲ ရွေးထားချင်တယ်။

နိုက်စ် - မာဆေးလ် (တနင်္လာနံနက် ၁း၁၅ နာရီ)

လိုင်လီကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ကစားခဲ့တဲ့ နိုက်စ် တို့ ယုံကြည်မှုမြင့်နေနိုင်တယ်။ မာဆေးလ်ကလည်း ခြေငြိမ်ပါ တယ်။ သရေကျဖို့များတဲ့ပွဲလို့ပဲ ထင်တယ်။

Most Read

Most Recent