ကျောနံပါတ်(၉)ဂျာစီကို ဝတ်ဆင်ခွင့်ရသည့်အတွက် ပျော်ရွှင်ကြောင်း လူကာကူ ဆို

ကျောနံပါတ်(၉)ဂျာစီကို ဝတ်ဆင်ခွင့်ရသည့်အတွက် ပျော်ရွှင်ကြောင်း လူကာကူ ဆို
Photo: Chelsea Twitter
Photo: Chelsea Twitter
Published 19 August 2021

ချယ်လ်ဆီးတိုက်စစ်မှူးသစ် လူကာကူက ကျောနံပါတ်(၉)ဂျာစီကို ဝတ်ဆင်ခွင့်ရသည့်အတွက် အလွန်ပျော်ရွှင်ကြောင်း ပြောကြားခဲ့သည်။

လူကာကူသည် မန်ယူ၊ အင်တာမီလန်နှင့် ဘယ်လ်ဂျီယံအသင်းတို့တွင် ကျောနံပါတ်(၉)ဂျာစီကို စွဲစွဲမြဲမြဲဝတ်ဆင်ခဲ့သူဖြစ်ပြီး ချယ်လ်ဆီးအသင်းတွင် ကျောနံပါတ် (၉)ဂျာစီ ဝတ်ဆင်နေသည့် အေဘရာဟမ် ရိုးမားအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းကြောင့် လူကာကူက ယင်းနံပါတ်ကို ဝတ်ဆင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

လူကာကူက '' ကျောနံပါတ် (၉)ဂျာစီကို ဝတ်ဆင်ခွင့်ရတဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ ဒီအခြေအနေမှာ ကျွန်တော် ကံကောင်းပါတယ်။ အသင်းဖော်သစ်တွေနဲ့အတူ ကစားဖို့ မစောင့်နိုင်တော့ပါဘူး''ဟု ဆိုခဲ့သည်။ 

■ အေဘရာမိုဗစ်ချ်လက်ထက် ချယ်လ်ဆီးအသင်းတွင် ကျောနံပါတ် (၉)ဝတ်ဆင်သူများ၏စွမ်းဆောင်မှု

 

အမည်    ကာလ    ပွဲ    ဂိုး

ကက်ဇ်မန်း    ၂၀၁၄-၁၅    ၄၁    ၇

ခရက်စပို    ၂၀၁၅-၁၆    ၄၂    ၁၃

ဘူလာရုဇ်    ၂၀၁၆-၁၇    ၂၀    -

ဆစ်ဝဲလ်    ၂၀၁၇-၁၈    ၂၅    ၁

ဒီဆန်တို    ၂၀၁၈-၁၉    ၁၆    -

တောရက်စ်    ၂၀၁၁-၁၄    ၁၇၂    ၄၅

ဖယ်လ်ကာအို    ၂၀၁၅-၁၆    ၁၂    ၁

မိုရာတာ    ၂၀၁၇-၁၈    ၄၈    ၁၅

ဟီဂွါအင်    ၂၀၁၉    ၁၉    ၅

အေဘရာဟမ်    ၂၀၁၉-၂၁    ၇၉    ၃၀

Most Read

Most Recent