■ အေဘရာဟမ်၏ အပြောင်းအရွှေ့အပြီးတွင် ချယ်လ်ဆီးအသင်း ကစားသမားရောင်းချမှုမှ ယူရို သန်း ၁၀၀ ကျော်ရရှိထား

■ အေဘရာဟမ်၏ အပြောင်းအရွှေ့အပြီးတွင် ချယ်လ်ဆီးအသင်း ကစားသမားရောင်းချမှုမှ ယူရို သန်း ၁၀၀ ကျော်ရရှိထား
Photos : AS Roma
Photos : AS Roma
Published 19 August 2021

ချယ်လ်ဆီးအသင်းသည် လူငယ်တိုက်စစ်မှူး အေဘရာဟမ်အားရောင်းချပြီးနောက် ယခုအပြောင်းအရွှေ့ကာလအတွင်း ကစားသမားရောင်းချမှုမှ ယူရို သန်း ၁၀၀ ကျော် ရရှိထားကြောင်း သိရသည်။

အသက် ၂၃ နှစ်အရွယ်ရှိ အေဘရာဟမ်ကို အရစ်ကျပုံစံဖြင့် ရောင်းချခဲ့သော်လည်း ယင်းအပြောင်းအရွှေ့မှ ချယ်လ်ဆီးအသင်း ယူရို သန်း ၄၀ ရရှိမည်ဖြစ်ပြီး Add-ons ကြေးမှာ ယူရို ငါးသန်းဖြစ်သည်။

အေဘရာ ဟမ်သည် ရိုးမားအသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်လစာ ယူရို လေးသန်း သို့မဟုတ် ငါးသန်းဝန်းကျင် ရရှိမည်ဖြစ်သည်။

အေဘရာဟမ်၏စာချုပ်တွင် ယူရိုသန်း ၈၀ ဖြင့် ပြန်လည်ခေါ်ယူခွင့် Buy-back Clause ကိုလည်း ထည့်သွင်းထားပြီး ယင်းအချက်မှာ လာမည့် ၂၀၂၃ ခုနှစ် ဇွန်လတွင်မှ စတင်သက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အေဘရာဟမ်သည် ရိုးမားအသင်းသမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေး ဒုတိယအမြင့်ဆုံးဖြစ်လာခဲ့ပြီး ပြောင်းရွှေ့ကြေးအများဆုံးမှာ ဆမ်ဒိုးရီးယားတိုက်စစ်မှူး ရှစ်ခ် (ယူရို ၄၂ သန်း)ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် အေဘရာဟမ်အပြင် တိုမိုရီ(ယူရို ၂၉.၂ သန်း)၊ မိုဆက်စ် (ယူရို ၅ သန်း)၊ ဂျရူး (ယူရို ၁ သန်း)၊ ဂေးဟီ (ယူရို ၂၃.၃ သန်း)၊ လစ်ဗရာမန်တို(ယူရို ၅.၉ သန်း)၊ အယ်လင် ဘီ(ယူရို ၁.၅ သန်း)၊ လူးဝစ်ဘိတ်စ်(ယူရို ၁.၉ သန်း)၊ ဆီမီယူ(ယူရို ၁.၉ သန်း)၊ ပွတ်ဟဲရစ် (ယူရို ၁.၆ သန်း)တို့ကိုလည်း ရောင်းချထားခဲ့ကာ စုစုပေါင်း ယူရို  ၁၁၁ ဒသမ ၃ သန်းအထိ ရရှိထားခဲ့ကြောင်း သိရသည်။

Most Read

Most Recent