■ အာတီတာ၏နေရာတွင်အစားထိုးရန် ကွန်တီနှင့် ဇီဒန်း သတင်းထွက်နေသော်လည်း အက်ဒီဟောင်း ရေပန်းအစားဆုံးဖြစ်နေ

■ အာတီတာ၏နေရာတွင်အစားထိုးရန် ကွန်တီနှင့် ဇီဒန်း သတင်းထွက်နေသော်လည်း အက်ဒီဟောင်း ရေပန်းအစားဆုံးဖြစ်နေ
Photo : Tribuna
Photo : Tribuna
Published 19 August 2021

အာဆင်နယ်အသင်းသည် နည်းပြ အာတီတာကို ရာထူးမှထုတ်ပယ်ပြီး ၎င်း၏နေရာတွင် အစားထိုးရန် အသင်းလက်မဲ့ ကွန်တီနှင့် ဇီဒန်းတို့ သတင်းထွက်နေသော်လည်း ဘုန်းမောက်နည်းပြဟောင်း အက်ဒီဟောင်းက ရေပန်းအစားဆုံးဖြစ်လာကြောင်း သိရသည်။

အစောပိုင်းသတင်းများတွင် အာဆင်နယ်အသင်းသည် အာတီတာ၏နေရာအစားထိုးရန် အသင်းလက်မဲ့ဖြစ်နေသည့် ဇီဒန်းနှင့် ကွန်တီတို့ကိုပစ်မှတ်ထားနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။  

သို့သော် ကွန်တီသည် ၎င်းအား လုပ်ပိုင်ခွင့်အပြည့်အဝပေးမည့်အသင်းကိုသာ ကိုင်တွယ်လိုသူဖြစ်ပြီး စပါးအသင်း၏ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သူဖြစ်သောကြောင့် အာဆင်နယ်အသင်း ချဉ်းကပ်ရန်မလွယ်ကြောင်းလည်း သုံးသပ်နေကြသည်။

ထို့ပြင် ဇီဒန်းမှာလည်း ပရီးမီးယားလိဂ်ထိပ်တန်းအဆင့်နှင့် တဖြည်းဖြည်းဝေးကွာလာသည့် အာဆင်နယ်အသင်းကို ကိုင်တွယ်ရန် ဖြစ်နိုင်ခြေနည်းပါးလွန်းကြောင်း သိရသည်။

လက်ရှိတွင် ပြီးခဲ့သည့်နှစ်နွေရာသီက ဘုန်းမောက်အသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် အက်ဒီဟောင်းမှာ အာဆင်နယ်နည်းပြသစ်ဖြစ်လာနိုင်သူအဖြစ် ရေပန်းအစားဆုံးဖြစ်နေသည်။

အက်ဒီဟောင်းသည် အလေးပေးချက်တွင် ယခင်က ၉း၁ လေးသာ ရှိခဲ့ရာမှ ယခုအခါ ၅း၂ လေးအထိ မြင့်တက်လာခဲ့သည်။

အက်ဒီဟောင်း  (၄၃ နှစ်)သည် အာစင်ဝင်းဂါး၏နေရာဆက်ခံရန် ရေပန်းစားခဲ့ဖူးသူတစ်ဦးဖြစ်ကြောင်း သိရသည်။



■ အာဆင်နယ်နည်းပြသစ်ရေပန်းစားမှု

      အမည်            အလေးပေးချက်

အက်ဒီဟောင်း(-)            ၅း၂ လေး

ဘရန်ဒန်ရော်ဂျာ(လက်စတာ)        ၁ဝး၃ လေး

ကွန်တီ(-)                ၉း၂ လေး

ဟာဆန်ဟူတယ်လ်(ဆောက်သမ်တန်)    ၁၁း၁ လေး

မာတီနက်ဇ်(ဘယ်လ်ဂျီယံ)        ၁၄း၁ လေး

ဖွန်ဆီကာ(ရိုးမား)            ၁၄း၁ လေး

Most Read

Most Recent