■ စူပါဖလားသည် ၎င်းနှင့်မထိုက်တန်ဘဲ ဟန်ဆီဖလစ်ခ်၏အောင်မြင်ခြင်းဟု ဘိုင်ယန်နည်းပြ နာဂယ်စ်မန်း ပြောကြား

■ စူပါဖလားသည် ၎င်းနှင့်မထိုက်တန်ဘဲ ဟန်ဆီဖလစ်ခ်၏အောင်မြင်ခြင်းဟု ဘိုင်ယန်နည်းပြ နာဂယ်စ်မန်း ပြောကြား
Published 19 August 2021

ဘိုင်ယန်မြူးနစ်နည်းပြ နာဂယ်စ်မန်းက ၎င်းအနေဖြင့် စူပါဖလားနှင့် မထိုက်တန်ကြောင်း၊ နည်းပြဟောင်း ဟန်ဆီဖလစ်ခ်၏ အောင်မြင်ခြင်းသာဖြစ်သည်ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

၂၀၂၁ ဂျာမန်စူပါဖလားပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းက ဒေါ့မွန်အသင်းကို (၃-၁)ဂိုးဖြင့် အနိုင်ရပြီး စံချိန်တင် ကိုးကြိမ်မြောက် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

''ကျွန်တော်တို့ အောင်ပွဲခံဖို့ အချိန်များများစားစား မရပါဘူး။ ဒီဆုဖ လားက ဟန်ဆီဖလစ်ခ် အသင်းနဲ့အတူ အမှတ်ပေးချန်ပီယံဖြစ်ခဲ့လို့ ပြီးခဲ့တဲ့ရာသီအတွက် ဆုလာဘ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော် ပျော်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ထက် ဒီဆုဖလားနဲ့ ထိုက်တန်သူတွေ အများကြီးရှိပါ တယ်။ ကျွန်တော်တို့ ခံစစ်ကောင်းခဲ့သလို နိုင်လိုစိတ်လည်း ပြင်းထန်ခဲ့ပါတယ်။ ကွင်းထဲမှာ အမြင့်ဘောတွေကိုလည်း အသာစီးယူနိုင်ခဲ့တယ်။ နီကီ(ဇူလာ)နဲ့ အူပါ(အူပါမယ် ကာနို)တို့ဟာ ခံစစ်မှာ အတော်လေးတည် ငြိမ်ပါတယ်။ အခုပွဲက သူတို့နှစ်ဦးစလုံးအတွက် ခြေလှမ်းတစ်လှမ်း စတင်ခဲ့တာပါပဲ''ဟု နာဂယ်စ်မန်းက ပြောကြားခဲ့သည်။

ဂျာမန်စူပါဖလားကို ၂၀၁၀ ပြည့်နှစ်တွင် မှ ပြန်လည်ကျင်းပခြင်းဖြစ်ပြီး ဘိုင်ယန်အ သင်းသည် ပြိုင်ပွဲနောက်ဆုံး ခြောက်ကြိမ်တွင် ငါးကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့သည်။

နည်းပြသစ် နာဂယ်စ်မန်းလက်ထက် ပထမဆုံးနိုင်ပွဲ ရရှိခဲ့ပြီး ယခုပွဲမတိုင်မီ ရာသီကြိုပွဲ စဉ်လေးပွဲနှင့် ဘွန်ဒစ်လီဂါအဖွင့်ပွဲတွင် နိုင်ပွဲပျောက်ဆုံးခဲ့ကြောင်း သိရသည်။

နာဂယ်စ်မန်းသည် ဘိုင်ယန်မြူးနစ်အသင်းမတိုင်မီ ဟော်ဖန်ဟင်မ်၊ လိုက်ပ်ဇစ်အသင်းများကို ကိုင်တွယ်ခဲ့ပြီး နည်းပြဘဝပထမဆုံးဆုဖလားကို ဘိုင်ယန်အသင်းရောက်မှ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အသက် ၃၄ နှစ်အရွယ်ရှိ နာဂယ်စ်မန်းအနေဖြင့် ပြီးခဲ့သည့်ရာသီက လိုက်ပ်ဇစ်နှင့်အတူ ဂျာမန်ဖလားဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သော်လည်း ဒေါ့မွန်အသင်းကို ဂိုးပြတ်အရေးနိမ့်ကာ ဒုတိယသာရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent