ဒီရာသီ စီးရီးအေအသင်း(၂၀)မှာ (၁၂) သင်းအထိ နည်းပြအပြောင်းအလဲ လုပ်ထားခဲ့ပြီး အဲဒီအသင်းတွေထဲမှာမှ လက်ရှိချန်ပီယံ အင်တာမီလန်အသင်းအပါအဝင် ဂျူဗင်တပ်စ်၊ နာပိုလီ၊ လာဇီယို၊ ရိုးမား၊ ဆမ်ဒိုးရီးယား၊ ဖီအိုရင်တီးနားတို့ လို အသင်းကြီးတွေ အများအပြားပါဝင်နေတာက စီးရီးအေရဲ့ ထိပ်ပိုင်းအသင်းတွေကြား ပြိုင်ဆိုင်မှု ပုံရိပ်ကိုမြှင့်တင်နိုင်မယ့် အနေအထားမျိုး ရောက်လာတော့မလားဆိုတာ စောင့်ကြည့်ချင်စရာလည်းဖြစ်လာတယ်။ အပြောင်းအလဲလုပ်ထားကြ တဲ့ နည်းပြတွေကိုကြည့်ရင်လည်း နာမည်ကြီး၊ အ တွေ့အကြုံများတဲ့ နည်းပြမျိုးတွေက အများစုဖြစ်နေလို့ အရင်ရှိနေကြတဲ့ နည်းပြတွေနဲ့ ပေါင်းလိုက် ရင် စီးရီးအေအသင်းတွေကြား နည်းဗျူဟာ အားပြိုင်မှုအပိုင်းတွေမှာပါ အားကောင်းလာတော့မှာလည်း သေချာတယ်။ စီးရီးအေလို့ဆိုလိုက်ရင် အရင်ကတည်းက နည်းဗျူဟာနည်းစနစ်ပိုင်း အခြေခံပြီး အားပြုယှဉ်ပြိုင်လေ့ရှိတဲ့ လိဂ်တစ်ခုအဖြစ် ထင်ရှားနေလို့ အခုလို နည်းပြကောင်းတွေ တစ်စု တစ်ဝေး ရောက်ရှိလာကြတဲ့အချိန်မှာတော့ အရင်ကထက်ပိုပြီး ဆန်းသစ်တဲ့နည်းဗျူဟာ၊ နည်းစနစ် အသစ်တွေကို ထပ်ပြီးမျှော်လင့်လာနိုင်ဖို့လည်း ရှိလာတယ်။ နည်းပြတွေကလည်း သူတို့ရဲ့ဦးဆောင်နိုင်မှုစွမ်းရည်ကောင်းတွေကို ထုတ်ပြနိုင်ဖို့ ရာသီကြို ပြင်ဆင်အားဖြည့်မှုတွေကိုလည်း အရင်ရာသီတွေထက် ပိုပြီးတိုးလုပ်လာကြတာတွေ့နေရတယ်။
နည်းပြအပြောင်းအလဲများနဲ့ စီးရီးအေမှာ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
20 hours ago















