■ ရီးယဲလ်အသင်း လာလီဂါပြိုင်ပွဲမှနုတ်ထွက်၍ ပြည်ပလိဂ်တွင် သွားရောက်ယှဉ်ပြိုင်ရန် စီစဉ်နေဟု သတင်းထွက်ပေါ်

■ ရီးယဲလ်အသင်း လာလီဂါပြိုင်ပွဲမှနုတ်ထွက်၍ ပြည်ပလိဂ်တွင် သွားရောက်ယှဉ်ပြိုင်ရန် စီစဉ်နေဟု သတင်းထွက်ပေါ်
Photos : Real Madrid Facebook
Photos : Real Madrid Facebook
Published 17 August 2021

ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့်  လာလီဂါပြိုင်ပွဲမှနုတ်ထွက်၍ ပြည်ပလိဂ်တွင် သွားရောက်ယှဉ်ပြိုင်ရန် စီစဉ်နေကြောင်း သတင်းထွက်ပေါ်လျက်ရှိသည်။

ယင်းသတင်းကို ကတ်တလန်အခြေစိုက် Mundo Deportivo သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်အသင်းနှင့် လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်တို့ မပြေမလည်ဖြစ်ပွားနေခြင်းကြောင့် အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်အနေဖြင့် လာလီဂါပြိုင်ပွဲမှနုတ်ထွက်၍ ပြည်ပလိဂ်တွင် သွားရောက်ယှဉ်ပြိုင်ရန် စဉ်းစားနေကြောင်း ရေးသားဖော်ပြခဲ့သည်။

ရီးယဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်နှင့် လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ တီဘက်စ် တို့အကြား ဥရောပစူပါလိဂ်ကိစ္စအပြင် CVC Capital Partners ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီထံ လာလီဂါပြိုင်ပွဲ၏ရှယ်ယာ ရောင်းချမည့်အစီအစဉ်ကြောင့် တင်းမာမှုများ ဖြစ်ပွားနေသည်။

သွားရောက်ယှဉ်ပြိုင်မည့် ပြည်ပလိဂ်များအနက် ပရီးမီးယားလိဂ်မှာ ဦးစားပေးဖြစ်ကြောင်း၊ စီးရီးအေနှင့် ဘွန်ဒစ်လီဂါမှာလည်း ဖြစ်နိုင်ခြေရှိသည့်စာရင်းတွင် ပါဝင်ကြောင်း Mundo Deportivo သတင်းစာက ထည့်သွင်းရေးသားထားသည်။

Most Read

Most Recent