"အဓိကအလိုချင်ဆုံးဖလားကတော့ ချန်ပီယံလိဂ်ဖလားပါပဲ"  - PSG ကစားသမားသစ် မက်ဆီနှင့် တွေ့ဆုံခြင်း

"အဓိကအလိုချင်ဆုံးဖလားကတော့ ချန်ပီယံလိဂ်ဖလားပါပဲ"  - PSG ကစားသမားသစ် မက်ဆီနှင့် တွေ့ဆုံခြင်း
Photos: AFP & PSG Twitter
Photos: AFP & PSG Twitter
Published 14 August 2021

အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ အခုအချိန်မှာ PSG အသင်းကို တရားဝင်ရောက်ရှိခဲ့ပြီဖြစ်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အင်္ဂါနေ့မှာ ပါရီိမြို့ကို စတင်ရောက်ရှိခဲ့တဲ့ မက်ဆီဟာ PSG အသင်းမှာ တစ်နှစ်လုပ်ခ (အခွန်ဆောင်ပြီး) ပေါင် (၂၅)သန်းရရှိမှာဖြစ်သလို၊ လက်မှတ်ထိုးကြေး ပေါင် (၂၅)သန်းလည်း ရရှိလိမ့်မယ်လို့ မီဒီယာတွေက ဖော်ပြနေကြပါတယ်။ ဘယ်အချိန် စတင်ပွဲဦးထွက်မလဲဆိုတဲ့ ကိစ္စအပေါ် သူကိုယ်တိုင်က အတိအကျမပြောသေးပေမဲ့ အာဂျင်တီးနားနဲ့ ပြင်သစ်သတင်းစာတွေကတော့ စနေနေ့ နေ့လယ် (ဒေသစံတော်ချိန်) မှာကစားမယ့် စထရာဘိုးအသင်းနဲ့ပွဲမှာပဲ မက်ဆီ စကစားတော့မယ်လို့လည်း ဆိုနေကြပါတယ်။ ပါရီမြေမှာ သတင်းထောက်တွေနဲ့တွေ့တော့ မက်ဆီရဲ့ ပထမဆုံးစကားသံတွေဟာ အကြောင်းအရာ အမျိုးမျိုးနဲ့ဖြစ်ပြီး သူကိုယ်တိုင်လည်း အနာဂတ်အတွက် ရင်ခုန်နေပုံရပါတယ်။ ပြီးတော့ နောက်ထပ်အသင်းတစ်သင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကိုယူဖို့ PSG အသင်းကို ရောက်ရှိလာတယ်လို့လည်း ပြောပါတယ်။ ဒီအင်တာဗျူးက Exclusive အင်တာဗျူးမဟုတ်ပေမဲ့ မက်ဆီရဲ့ပြောစကားတွေကိုပဲ မေးခွန်းပြန်လည်တည်ဆောက်တဲ့ပုံစံနဲ့ ပြန်လည်ရေးသားထားတာပါ။ Eleven Sports ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

 

Most Read

Most Recent