၂၀၂၁ ခုနှစ်အတွက် ရွှေခြေထောက်ဆုရရှိရန် ချီလီနီ ရေပန်းစားနေ

၂၀၂၁ ခုနှစ်အတွက် ရွှေခြေထောက်ဆုရရှိရန် ချီလီနီ ရေပန်းစားနေ
Photo: Getty Images
Photo: Getty Images
Published 13 August 2021

အီတလီလက်ရွေးစင်အသင်းနှင့်အတူ ယူရို-၂၀၂၀ ချန်ပီယံဆုကို ရယူနိုင်ခဲ့သော အသင်းခေါင်းဆောင် ချီလီနီသည် ၂၀၂၁ ခုနှစ်အတွက် ရွှေခြေထောက်ဆုရရှိရန် ရေပန်းစားနေကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်း၏ ၀ါရင့်နောက်ခံလူ ချီလီနီ(၃၆ နှစ်)သည် ပြီးခဲ့သည့်ရာသီက ဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ(၂၅)ပွဲသာ ကစားခဲ့ရသော်လည်း အီတလီအသင်း၏ ယူရိုအောင်ပွဲတွင် အရေးပါသည့်ကစားသမား ဖြစ်ခဲ့သောကြောင့် ရွှေခြေထောက်ဆုအတွက် ရေပန်းစားနေခြင်းဖြစ်ကြောင်း သိရသည်။

ရွှေခြေထောက်ဆုမှာ အနည်းဆုံး အသက် (၂၈)နှစ်ရှိပြီး ဘောလုံးကစားနေဆဲကစားသမားများကိုသာ ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည့်အပြင် ဆုရရှိပြီးသား ကစားသမားများကိုလည်း ချီးမြှင့်ခြင်းမရှိပေ။

(၁၉)ကြိမ်မြောက်အဖြစ် ချီးမြှင့်မည့် ရွှေခြေထောက်ဆုအတွက် ဆန်ခါတင်ကစားသမား (၁၀)ဦးစာရင်းတွင် ချီလီနီနှင့်အတူ မက်ဆီ၊ လီဝန်ဒေါစကီး၊ နေမာ၊ ဆာလာ၊ ရာမို့စ်၊ အဂွဲရိုး၊ ပီကေး၊ ဘန်ဇီမာနှင့် လူကာကူတို့ပါဝင်နေပြီး ပရိသတ်များ၏ ဆန္ဒမဲ ဖြင့် ရွေးချယ်သွားမည်ဖြစ်သည်။

ချီလီနီက ဆုရရှိရန် ရေပန်းစားနေသော်လည်း မက်ဆီ၊ လီဝန်ဒေါစကီးနှင့် လူကာကူတို့မှာလည်း ထူးခြားသည့် စွမ်းဆောင်မှုများ ပြသနိုင်ခဲ့ခြင်းကြောင့် အကြိတ်အနယ်ရှိနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

Most Read

Most Recent