■ မက်ဆီကိုခေါ်ယူပြီးနောက် PSG အသင်း လစာပေးချေမှုအများဆုံးအားကစားအသင်းအဖြစ် ရပ်တည်

■ မက်ဆီကိုခေါ်ယူပြီးနောက် PSG အသင်း လစာပေးချေမှုအများဆုံးအားကစားအသင်းအဖြစ် ရပ်တည်
Published 12 August 2021

PSG အသင်းသည် ဘာစီလိုနာအသင်း နှင့်လမ်းခွဲခဲ့သည့် Ballon d'Or ခြောက်ဆုရှင် မက်ဆီအား ခေါ်ယူပြီးနောက် လစာပေးချေမှုအများဆုံးအားကစားအသင်းအဖြစ် ရီးယဲလ်အသင်းကိုကျော်လွန်ကာ ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

လစာပေးချေမှုအများဆုံး အားကစားအသင်းများစာရင်းတွင် ဘောလုံးကလပ်အသင်းများက လွှမ်းမိုးခဲ့သည်။

ထိပ်ဆုံး ၁၀ သင်း တွင် ဘောလုံးအသင်းခုနစ်သင်းပါဝင်ကာ ပရီးမီးယားလိဂ်မှ မန်ယူနှင့် ချယ်လ်ဆီးနှစ်သင်းသာ စာရင်းဝင်ခဲ့သည်။

အဆိုပါစာရင်းတွင် ဘေ့စ်ဘော တစ်သင်းနှင့် NFL မှ နှစ်သင်း ပါဝင်ခဲ့သည်။

မန်စီးတီး၊ လီဗာပူးလ်နှင့် စပါးအသင်းများသည် လစာပေးချေမှုအများဆုံး ဘောလုံးကလပ် ၁၀ သင်းတွင် စာရင်းဝင်ခဲ့သည်။

အာဆင်နယ်အသင်းမှာ စပါးနှင့် တစ်သန်းအကွာဖြင့် တစ်နှစ်လစာပေးချေမှု ပေါင် ၁၃၆ သန်းရှိကြောင်း သိရသည်။

■ လစာပေးချေမှုအများဆုံး ဘောလုံးအသင်းများ

အသင်း        တစ်နှစ်စာပေးချေမှု

PSG        ပေါင် ၂၅၆ သန်း

ရီးယဲလ်မက်ဒရစ်    ပေါင် ၂၁၂ သန်း

မန်ယူ        ပေါင် ၂၀၁ သန်း

ဘာစီလိုနာ    ပေါင် ၁၉၅ သန်း

ဂျူဗင်တပ်စ်    ပေါင် ၁၈၄ သန်း

ဘိုင်ယန်မြူးနစ်    ပေါင် ၁၆၆ သန်း

ချယ်လ်ဆီး    ပေါင် ၁၆၃ သန်း

မန်စီးတီး        ပေါင် ၁၄၆ သန်း

လီဗာပူးလ်    ပေါင် ၁၃၉ သန်း

စပါး        ပေါင် ၁၃၇ သန်း

Most Read

Most Recent