■ မြန်မာအားကစားအကြောင်းအရာများရေးသားခဲ့သူ ၀ါရင့်အားကစားကလောင်ရှင် ဦးဖေဒီ ကွယ်လွန်

■ မြန်မာအားကစားအကြောင်းအရာများရေးသားခဲ့သူ ၀ါရင့်အားကစားကလောင်ရှင် ဦးဖေဒီ ကွယ်လွန်
Photos : U Pe Di Facebook
Photos : U Pe Di Facebook
Published 10 August 2021

မြန်မာဘောလုံးအပါအဝင် မြန်မာအားကစားအကြောင်းအရာများကို တစိုက်မတ်မတ်ရေးသားခဲ့သော ၀ါရင့်အားကစားကလောင်ရှင် ဦးဖေဒီ(ခ) ဦးမြင့်ဦးသည် ပြီးခဲ့သည့်တနင်္လာနေ့ (သြ ဂုတ် ၉ ရက်နေ့)က ကွယ်လွန်သွားခဲ့ကြောင်းသိရသည်။  

 ဦးဖေဒီသည် နေ့စဉ်ထုတ်သတင်းစာများနှင့် အပတ်စဉ်ထုတ်ဝေသည့် အားကစားဂျာနယ်များစွာတွင် အားကစားဆောင်းပါးများစွာကို တစိုက်မတ်မတ်ရေးသားခဲ့သူဖြစ်သည်။

ထို့ပြင် Myanmar Times  နေ့စဉ်ထုတ်သတင်းစာတွင် အကြီးတန်းအယ်ဒီတာအဖြစ် လုပ်ဆောင်ခဲ့သူလည်းဖြစ်သည်။

ဦးဖေဒီသည် မကွယ်လွန်မီအချိန်အထိ ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း၏အယ်ဒီတာချုပ်အဖြစ် လုပ်ဆောင်ခဲ့သလို၊ မြန်မာနိုင်ငံအားကစားမီဒီယာအဖွဲ့ချုပ်၏ အတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်သည်။

ထို့ပြင် အရှေ့တောင် အာရှဆီးဂိမ်းစ်အားကစားပြိုင်ပွဲနှင့် ဆူဇူကီးဘောလုံးပြိုင်ပွဲများကို ပြည်ပအထိ သွားရောက်သတင်းရယူခဲ့ဖူးသည်။

Eleven Media Group မှ ထုတ်ဝေသည့် First Eleven၊ Premier Eleven အားကစားဂျာနယ်များတွင် မြန်မာအားကစားအကြောင်းအရာများနှင့်ပတ်သက်သည့် အတွေးအမြင်နှင့် ဆောင်းပါးများစွာ ရေးသားခဲ့သူဖြစ်သည်။

Most Read

Most Recent