ရန်ကုန်တိုင်းဒေသကြီးအတွင်း မတည်ငွေရင်းပမာဏ ဒေါ်လာငါးသန်းရှိကာ ပြည်တွင်းအလုပ်အကိုင် ၈၀၀ ဖန်တီးပေးနိုင်မည့် CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ရန် အတည်ပြု

ရန်ကုန်တိုင်းဒေသကြီးအတွင်း မတည်ငွေရင်းပမာဏ ဒေါ်လာငါးသန်းရှိကာ ပြည်တွင်းအလုပ်အကိုင် ၈၀၀ ဖန်တီးပေးနိုင်မည့် CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ရန် အတည်ပြု
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးကို တွေ့ရစဉ်
Published 8 July 2021

ရန်ကုန်တိုင်းဒေသကြီးအတွင်း မတည်ငွေရင်းပမာဏ ဒေါ်လာငါးသန်းရှိကာ ပြည်တွင်းအလုပ်အကိုင် ၈၀၀ ဖန်တီးပေးနိုင်မည့် CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ကိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုပေးလိုက်ကြောင်း သိရသည်။

ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ အရှိန်မပျက် ဆက်လက်ခွင့်ပြုရန်နိုင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆ရ၂၀၂၁) ကြိမ်မြောက်အစည်းအဝေးကို ဇူလိုင် ၇ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် စက်မှုကဏ္ဍ၌ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၈၀၀ အတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည့် ဒေါ်လာငါးသန်း တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုအား အတည်ပြုပေးခဲ့ပြီး အတည်ပြုပေးခဲ့သည့်လုပ်ငန်းမှာ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းဖြစ်ကာ အတည်ပြု ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ မတည်ငွေရင်း ပမာဏမှာ ဒေါ်လာငါးသန်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသူများအနေဖြင့် မ,တည်ငွေရင်းပမာဏ ဒေါ်လာငါးသန်း (သို့မဟုတ်) ကျပ်သန်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အတည်ပြုလျှောက်လွှာများအား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး ၀၁-၆၅၈၂၆၃ သို့ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်အထိ ကဏ္ဍအလိုက် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် အိမ်ခြံမြေကဏ္ဍတွင် ၃၀၇၁ ဘီလျံကျော်၊ အခြားကဏ္ဍတွင် ကျပ်၁၈၆၈ ဘီလျံကျော်၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ်၂၅၅၆ ဘီလျံကျော်၊ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ကျပ် ၁၁၄၁ ဘီလျံကျော်၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ကျပ်၁၁၂၅ ဘီလျံကျော်၊ စွမ်းအင်ကဏ္ဍတွင် ကျပ်၄၃၆ ဘီလျံကျော်၊ စက်မှုဇုန်ကဏ္ဍတွင် ကျပ်၃၂၄ ဘီလျံကျော်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ကျပ် ၃၄၇ ဘီလျံကျော်၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၂၂၈ ဘီလျံကျော်၊ သတ္တုကဏ္ဍတွင် ကျပ်ရ၅ ဘီလျံကျော်၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ကျပ်၄၂ ဘီလျံကျော်နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကျပ်၁၃ ဘီလျံ ကျော်မြှုပ်နှံထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တစ်နှစ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၃၀ ခုကို ခွင့်ပြုခဲ့ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၁၃ သန်း ကျော်အပါအဝင် ကျပ် ၁၈၈၁ ဘီလျံကျော် ခွင့်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်းလုပ်ငန်းအသစ် ၁၃၀ ခုကို ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၆၆ ဒသမ ၈၇၃ သန်း အပါအဝင် ကျပ် ၁၅၃၅ ဒသမ ၀၇၅ ဘီလျံဖြင့် ဆောင်ရွက်ရန်ခွင့်ပြုခဲ့ပြီး ဆောင်ရွက်ဆဲဖြစ်သော လုပ်ငန်းအရေအတွက် ပေါင်း ၃၀ ခုအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၄၆ ဒသမ ၇၄၅ သန်းအပါအဝင် ကျပ် ၃၄၆ ဒသမ ၃၈၄ ဘီလျံ ထပ်မံတိုးမြှင့် ဆောင်ရွက်ရန် ခွင့်ပြုခဲ့ဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၁၃ ဒသမ ၆၁၈ သန်း အပါအဝင် ကျပ် ၁၈၈၁ ဒသမ ၄၅၉ ဘီလျံကို လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူစေရေးအတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက အသိပေးကြေညာထားသည်။

Most Read

Most Recent