လက်ရှိဘဏ္ဍာနှစ် ကိုးလနီးပါးအတွင်း မြန်မာ-တရုတ်နယ်စပ် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၂၉၀၀ ကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၇၆၀ ကျော်လျော့ကျ

လက်ရှိဘဏ္ဍာနှစ် ကိုးလနီးပါးအတွင်း မြန်မာ-တရုတ်နယ်စပ် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၂၉၀၀ ကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၇၆၀ ကျော်လျော့ကျ
မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းတစ်နေရာကိုတွေ့ရစဉ်
မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းတစ်နေရာကိုတွေ့ရစဉ်
Published 6 July 2021

လက်ရှိဘဏ္ဍာနှစ် ကိုးလနီးပါးအတွင်း မြန်မာ-တရုတ်နယ်စပ် မူဆယ်နယ်စပ်မှ ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၂၉၀၀ ကျော်သာရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ သန်း ၇၆၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဇွန်လကုန်ပိုင်းအထိ မူဆယ်နယ်စပ်မှ ကုန်သွယ်မှုပမာဏ ဒေါ်လာ၂၉၁၅ ဒသမ ၄၈၁ သန်းရရှိခဲ့သည်။ ယခင်နှစ်ကာလတူက ဒေါ်လာ ၃၆၇၉ ဒသမ ၉၄၃ သန်း ရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုတွင် လက်ရှိဘဏ္ဍာနှစ် ကိုးလနီးပါးအတွင်း မူဆယ်နယ်စပ် ကုန်သွယ်မှုပမာဏမှာ ယခင်နှစ်ကာတူထက် ဒေါ်လာ ၇၆၄ ဒသမ ၄၆၂ သန်း ရရှိခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခုနစ်လအတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှု ပမာဏ ဒေါ်လာ သန်း ၆၁၀၀  ကျော်ရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာသန်း ၃၁၈၀ ကျော်ဖြင့် ကုန်သွယ်မှု အသာစီးရရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဧပြီလအထိ ခုနစ်လအတွင်း မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၃၁၈၂ ဒသမ ၀၆၁ သန်းရှိပြီး တရုတ်ဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၉၅၀ ဒသမ ၇၈၀ သန်းရှိကာ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆၁၃၂ ဒသမ ၈၄၁ သန်းအထိ ရှိနေသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂ သမ ၁၄၉ ဘီလျံကျော်ရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆ ဒသမ ၇၂၉ ဘီလျံကျော် တင်သွင်းထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂၁၄၉ ဒသမ ၂၂၆ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၅၄၂၀ ဒသမ ၀၅၂ သန်းရှိပြီး တရုတ်ဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၆၇၂၉ ဒသမ ၁၇၄ သန်း တင်သွင်းထားသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် Business Center များ အပြန်အလှန်တည်ထောင်ဖွင့်လှစ်၍ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ်နယ်စပ် ပူးပေါင်းဆောင်ရွက်ရေးဇုန်သုံးခုအနက် ကနဦးစီမံကိန်း (Pilot Project) အဖြစ် မူဆယ်- ရွှေလီဇုန်အပိုင်းကို စတင်ဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်း အောင်မြင်ဖြစ်ထွန်းမှုအပေါ် မူတည်၍ ကျန်ဇုန်နှစ်ခုကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၂၀၂၀ ပြည့်နှစ်အတွင်းက ပြောကြားထားသည်။

“ကျွန်တော်တို့က မူလအဆိုပြုတဲ့နေရာက သုံးနေရာပေါ့နော်။ ကန်ပိုက်တီးရယ်၊ မူဆယ်ရယ်၊ ချင်းရွှေဟော်ရယ် ဖြစ်ပါတယ်။ တကယ်တမ်းတော့ တရုတ်နဲ့ Pilot စီမံကိန်း တကယ်စလုပ်မယ့်ဟာက မူဆယ်-ရွှေလီ တစ်ခုပဲဖြစ်ပါတယ်။ ကျန်တဲ့ဟာတွေကတော့ မူဆယ်-ရွှေလီရဲ့အောင်မြင်ဖြစ်ထွန်းမှုကို ကြည့်ပြီးတော့မှ လုပ်မယ့်သဘောရှိပါတယ်။ ဒါကနံပါတ် (၁) အပိုင်းဖြစ်ပါတယ်။ မူဆယ်-ရွှေလီကိုလည်း ဆက်ပြီးတော့ ဆောင်ရွက်ဖို့ ကိစ္စမှာ တရုတ်နဲ့ ကျွန်တော်တို့ကြားမှာ Framwork Agreement လက်မှတ်ရေးထိုးဖို့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် စီမံကိန်းဆောင်ရွက်မှုဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ဇုန်အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဖွဲ့စည်းထားကြောင်း၊ ယင်းကော်မတီက မြန်မာနိုင်ငံဘက်ခြမ်း၌ နယ်စပ်ပူးပေါင်းဆောင်ရွက်မှုဇုန်အတွက် မြေနေရာ သတ်မှတ်ပြီး ဖြစ်နိုင်ခြေလေ့လာဆန်းစစ်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent