နေမာရဲ့ သွင်းဂိုးများနဲ့ခေါ်ဆောင်ရာ

နေမာရဲ့ သွင်းဂိုးများနဲ့ခေါ်ဆောင်ရာ
Published 23 June 2021

ဘာလိုလိုနဲ့ နေမာရဲ့အသက်က (၂၉)နှစ် ရှိလာခဲ့ပါပြီ။ ကမ္ဘာကျော်ကစားသမားတစ်ဦးအ ဖြစ် ရပ်တည်နေပြီး လက်ဖျားငွေသီးတဲ့ ကစား သမားဘဝကိုလည်း ပိုင်ဆိုင်နေခဲ့ပေမဲ့ ကျေနပ် လောက်တဲ့ အောင်မြင်မှုကို ရရှိခဲ့ပြီလားဆိုရင် တော့ လိုနေသေးတယ်လို့ပဲ ဖြေရမှာပါ။ သူ့ကို မက်ဆီ၊ စီရော်နယ်လ်ဒိုတို့လို အထွတ်အထိပ် ရောက်လာလိမ့်မယ်လို့ ထင်ကြေးပေးခဲ့ကြပေမဲ့ အမြင့်ဆုံးအမှတ်အထိ ရောက်မလာခဲ့ဘူးလို့ လည်း ဆိုနိုင်ပါတယ်။ ဒါက မက်ဆီနဲ့ စီရော် နယ်လ်ဒိုတို့က သူတို့ရဲ့နေရာကို ဆက်လက်ဆုပ် ကိုင်ထားနိုင်တာကြောင့်လို့လည်း ဆိုရပါလိမ့်မယ်။ ဒီတော့ နေမာကလည်း ကမ္ဘာ့အကောင်းဆုံးက စားသမားနှစ်ဦးရဲ့ အရိပ်အောက်က ဖောက်မ ထွက်နိုင်သလို ဖြစ်ခဲ့ရပါတယ်။ မက်ဆီ၊ စီရော် နယ်လ်ဒိုတို့နဲ့ ခေတ်ပြိုင်ကစားသမားအဖြစ် ဖြတ်သန်းရခြင်းရဲ့ သက်ရောက်မှုတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ တခြားသော ဆယ်စုနှစ်တစ်ခုမှာ သာ ဖြတ်သန်းခွင့်ရခဲ့မယ်ဆိုရင် ဒီထက်ပိုပြီး အောင်မြင်ကျော်ကြားနိုင်ခြေရှိတဲ့ ကစားသမား တချို့ဟာ မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ရဲ့အရိပ် အောက်မှာ ပိတ်မိသလိုဖြစ်ခဲ့ရပါတယ်။ ဒီလို ကစားသမားတွေထဲမှာ နေမာလည်း ပါဝင်ခဲ့ပါ တယ်။

 

Most Read

Most Recent