ယူရို ၂၀၂၀ ကန့်လန့်ကာ အဖွင့်

ယူရို ၂၀၂၀ ကန့်လန့်ကာ အဖွင့်
Published 10 June 2021
အယ်နီညို

 COVID-19 ကြောင့်တစ်နှစ်နောက်ဆုတ် ခဲ့ရတဲ့ ယူရို-၂၀၂ဝပြိုင်ပွဲကတော့ ပရိသတ်ရှေ့ မှောက်ကို ရောက်ရှိလာခဲ့ပါပြီ။ ဇွန်လ(၁၁)ရက် နေ့ဆိုရင်ပဲ အီတလီနိုင်ငံ၊ ရောမမြို့က အိုလံပီကို ကွင်းကြီးထဲမှာ အီတလီနဲ့ တူရကီတို့ရဲ့ပွဲစဉ်နဲ့ ဒီပြိုင်ပွဲကို ဖွင့်လှစ်မှာပါ။ (၁၆)ကြိမ်မြောက် အဖြစ် ကျင်းပမယ့် ဒီပြိုင်ပွဲက အရင်ပြိုင်ပွဲတွေနဲ့မတူ တမူထူးခြားတဲ့ ၀ိသေသတွေကိုလည်း ပိုင်ဆိုင် ထားပါတယ်။ ယူရိုပြိုင်ပွဲသမိုင်းမှာ နှစ်(၆၀)ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ ပြိုင်ပွဲဖြစ်တယ်။VAR စနစ်ကို ပထမဆုံးစတင်သုံးစွဲမယ့် ပြိုင်ပွဲ လည်းဖြစ်တယ်။ အထူးခြားဆုံးကတော့ ပုံမှန် အားဖြင့် အရှေ့မှာကျင်းပပြီးစီးခဲ့တဲ့ ပြိုင်ပွဲ(၁၅) ကြိမ်မှာ အိမ်ရှင်တစ်နိုင်ငံပဲရှိခဲ့ပြီး တစ်ခါတစ်ရံ နှစ်နိုင်ငံ လက်ခံကျင်းပတာမျိုးလည်း ရှိခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ နှစ်(၆၀)ပြည့် အထိမ်းအမှတ် အနေနဲ့ ဒီပြိုင်ပွဲကို ထူးထူးခြားခြားဖြစ်စေဖို့ UEFA က ကြံစည်ပြီး နိုင်ငံပေါင်းစုံ ပါဝင်ဆင်နွှဲ ခွင့်ရမယ့် ဘောလုံးပွဲတော်ကြီးအဖြစ် ပုံဖော်ခဲ့တာ ပါ။ ပြီးတော့ ပြိုင်ပွဲကို တစ်နှစ်တိတိ နောက်ဆုတ် ခဲ့ရပေမဲ့ ယူရို-၂၀၂ဝအမည်နဲ့ပဲ ကျင်းပဖို့သဘော တူခဲ့ကြတယ်။ ဒီပြိုင်ပွဲအတွက် ပရိသတ်တွေရဲ့ မျှော်လင့်ချက်၊ ကစားသမားတွေရဲ့ ရင်ခုန်သံတွေနဲ့အတူ စိန်ခေါ်မှုတွေလည်း အများအပြားရှိနေပါတယ်။

 

Most Read

Most Recent