မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အာဆီယံသံတမန်များ ယနေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင််လှိုင်နှင့် နေပြည်တော်၌ တွေ့ဆုံမည်

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အာဆီယံသံတမန်များ ယနေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင််လှိုင်နှင့် နေပြည်တော်၌ တွေ့ဆုံမည်
Published 4 June 2021
Ref: AFP - SBS

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ဆွေးနွေးရန် ဇွန် ၃ ရက်မှာ အာဆီယံသံတမန်များသည် မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ကြပြီး ဇွန် ၄ ရက် နံနက်ပိုင်းတွင်  တွေ့ဆုံကြမည် ဖြစ်ကြောင်း သိရသည်။

ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာရီဝမ်ပါဟန်ယူးဆော့ဖ်နဲ့ အာဆီယံအတွင်းရေးမှူးချုပ် လင်ဂျော့ဟွိုင်တို့သည် ဇွန် ၃ ရက်နှောင်းပိုင်းတွင် နေပြည်တော်ကိုရောက်ရှိလာခဲ့ကြောင်း နာမည်မဖော်လိုသူ မြန်မာအကြီးတန်း တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီ သတင်းဌာနကိုပြောကြားခဲ့သည်။

အဆိုပါသံတမန်နှစ်ဦးသည်  ဇွန် ၄ ရက် နံနက်ပိုင်းတွင်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ ဆုံကြမည် ဖြစ်သည်။

တွေ့ဆုံမှုနဲ့သက်ဆိုင်သည့်  သတင်းများကို မကြာခင်ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်း သတင်းပြန်ကြားရေးအဖွဲ့က သတင်းမီဒီယာတွေကိုပြောကြားထားကြောင်း သိရသည်။

မြန်မာ့အရေးကိုဖြေရှင်းရန် အာဆီယံမှ သံတမန်ရေးဆိုင်ရာကြိုးပမ်းအားထုတ်မှုများ ဦးဆောင်ခဲ့တာဖြစ်ပြီး အာဆီယံသည်  သံတမန်သြဇာသုံးရာမှာ ထင်ရှားတဲ့အဖွဲ့အစည်းတစ်ခုမဟုတ်သဖြင့် အာဆီယံက မြန်မာ့ အရေးတွင်  ထိရောက်စွာ သြဇာလွှမ်းမိုးနိုင်မှုနှင့် ပတ်သက်ပြီး လေ့လာစောင့်ကြည့်သူများက မေးခွန်းထုတ်နေကြကြောင်း သိရသည်။

ဥရောပသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စု၏ တပ်မတော်ဗိုလ်ချုပ်များအပေါ် ဒဏ်ခတ်အရေးယူမှုများကို တိုးမြှင့် လုပ်ဆောင်နေချိန်တွင် အာဆီယံ အနေဖြင့် မြန်မာ့အရေးဖြေရှင်းပေးနိုင်ဖို့ ရုန်းကန်နေရကြောင်း သိရသည်။

“ မြန်မာ့အရေးအတွက် နိုင်ငံရေး အဖြေတစ်ရပ်ရှာဖွေဖို့ကြိုးစားနေတဲ့အတွက် ခေါင်းဆောင်မှုအပိုင်းဟာ အာဆီယံနဲ့သက်ဆိုင်နေပါတယ်။” လို ့ EU နိုင်ငံခြား ရေးရာနဲ ့လုံခြုံရေးဆိုင်ရာအကြီးအကဲ ဂျိုးဆက်ဘော်ရီရယ်က ဇွန်၃ရက်က ဂျာကာတာမှာ ပြောကြားခဲ့သည်။

Most Read

Most Recent