ပေါ်တူဂီအသင်းနှင့် ယူရိုချန်ပီယံဆုကို ကာကွယ်နိုင်ရန်သာ အာရုံစိုက်ထားသည်ဟု အက်သလက်တီကိုတိုက်စစ်မှူး ဂျော်အိုဖေးလစ် ဆို

ပေါ်တူဂီအသင်းနှင့် ယူရိုချန်ပီယံဆုကို ကာကွယ်နိုင်ရန်သာ အာရုံစိုက်ထားသည်ဟု အက်သလက်တီကိုတိုက်စစ်မှူး ဂျော်အိုဖေးလစ် ဆို
Photo: AFP
Photo: AFP
Published 31 May 2021

အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေသည့် အက်သလက်တီကိုတိုက်စစ်မှူး ဂျော်အိုဖေးလစ်က မိမိအနေဖြင့် လက်ရှိအချိန်တွင် ပေါ်တူဂီလက်ရွေးစင်အသင်းနှင့်အတူ ယူရိုချန်ပီယံဆုကို ကာကွယ်နိုင်ရန်သာ အာရုံစိုက်ထားသည်ဟု ပြောကြားခဲ့သည်။

ဂျော်အိုဖေးလစ်သည် အက်သလက်တီကိုအသင်းနှင့် လာလီဂါချန်ပီယံဆု ရယူနိုင်ခဲ့သော်လည်း ယခုနွေရာသီတွင် အသင်းမှ ထွက်ခွာဖွယ်ရှိနေကြောင်း၊ ဘာစီလိုနာအသင်းက ဂရီးဇ်မန်းနှင့် အလဲအထပ်ပြုလုပ်ရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်နေသည့်အတွက် ဂျော်အိုဖေးလစ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

''ကျွန်တော် အက်သလက်တီကိုကစားသမားတစ်ယောက် ဖြစ်နေဆဲပါ။ စာချုပ်သက်တမ်းလည်း ကျန်ရှိနေသလို၊ ဒီအသင်းမှာလည်း ပျော်ရွှင်နေပါတယ်။ အခု ကျွန်တော် လက်ရွေးစင်အသင်းအကြောင်းပဲ အာရုံစိုက်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ချန်ပီယံဆု ကာကွယ်ရမယ့် အရေးကြီးပြိုင်ပွဲ ဆင်နွှဲရမှာကြောင့်ပါ။ ကျွန်တော်တို့က ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်း ဖြစ်နေတယ်လို့လည်း ထင်ပါတယ်''ဟု ဂျော်အိုဖေးလစ်က ဆိုခဲ့သည်။

Most Read

Most Recent