ဘွန်ဒစ်လီဂါကဲ့သို့ (၅၀+၁)စည်းမျဉ်းကျင့်သုံးရန် မန်ယူပရိသတ်အချို့ တောင်းဆို

ဘွန်ဒစ်လီဂါကဲ့သို့ (၅၀+၁)စည်းမျဉ်းကျင့်သုံးရန် မန်ယူပရိသတ်အချို့ တောင်းဆို
Photo: PA Images
Photo: PA Images
Published 20 May 2021

ပြီးခဲ့သည့် အင်္ဂါနေ့က ကစားခဲ့သော မန်ယူ (၁-၁) ဖူလ်ဟမ်ပွဲတွင် အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်းသို့ လာရောက်ကြည့်ရှုသော မန်ယူပရိသတ်အများစုသည် အသင်းပိုင်ရှင်ဂလေဇာမိသားစုအား ဆန့်ကျင်ဆန္ဒပြမှုများပြုလုပ်ခဲ့ကြပြီး မန်ယူပရိသတ်အချို့က ဘွန်ဒစ်လီဂါတွင် ကျင့်သုံးလျက်ရှိသော (၅၀+၁)စည်းမျဉ်းကျင့်သုံးရန် ပရီးမီးယားလိဂ်တာဝန်ရှိသူများကို တောင်းဆိုခဲ့ကြသည်။

(၅၀+၁)ဟုရေးထားသော ကတ်ပြားများကို ပရိသတ်အချို့က ကိုင်ဆောင်ခဲ့ကြပြီး အများစုကမူ ''Go Glazers Out'' ဟုရေးသားထားသော ကတ်ပြားများကို ကိုင်ဆောင်ခဲ့ကြသည်။

(၅၀+၁)စည်းမျဉ်းမှာ ဘွန်ဒစ်လီဂါတွင် ကလပ်အသင်းများကို တစ်ဦးတစ်ယောက်တည်းက အလုံးစုံပိုင်ဆိုင်ခြင်းမပြုစေဘဲ အသင်းအားပေးသူအဖွဲ့ဝင်များက ရှယ်ယာအနည်းဆုံး (၅၀+၁)%ပိုင်ဆိုင်ရန် သတ်မှတ်ထားသည့် စည်းမျဉ်းဖြစ်သည်။

ပြင်ပမှစီးပွားရေးလုပ်ငန်းရှင်များက အသင်းအား တစ်ဦးတစ်ယောက်တည်းပိုင်ဆိုင်ပြီး စိတ်ကြိုက်လွှမ်းမိုးမှု မပြုလုပ်နိုင်စေရန်အတွက် ဂျာမန်ဘောလုံးတာဝန်ရှိသူများက စီစဉ်ထားခြင်းဖြစ်သည်။