လူကာကူအား ပြန်လည် ခေါ်ယူရန် အသင်းကို မိုဗစ်ချ် ခွင့်ပြုချက်ပေး

လူကာကူအား ပြန်လည် ခေါ်ယူရန် အသင်းကို မိုဗစ်ချ် ခွင့်ပြုချက်ပေး
Photo: Getty Images
Photo: Getty Images
Published 6 May 2021

ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်သည် စီးရီးအေကလပ် အင်တာမီလန်အသင်းမှ ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း လူကာကူအား ပြန်လည်ခေါ်ယူရန် အသင်းတာဝန်ရှိသူများကို ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ကြောင်း Daily Star သတင်းစာက ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းတွင် ၂၀၁၁ မှ ၂၀၁၄ အထိကစားခဲ့သူ လူကာကူသည် အင်တာမီလန်အသင်းတွင် ခြေစွမ်းပြကစားလျက်ရှိနေပြီး ယခုရာသီတွင် အင်တာမီလန်အသင်း တစ်ကျော့ပြန် စီးရီးအေချန်ပီယံဖြစ်စေရန်အတွက် သူ၏သွင်းဂိုးများဖြင့် ကူညီပေးခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ယခုရာသီတွင် တိုက်စစ်အားနည်းချက်များရှိနေ၍ နွေရာသီတွင် ထိပ်တန်းတိုက်စစ်မှူးတစ်ဦး အားဖြည့်ရန် စီစဉ်နေခြင်းဖြစ်သည်။

သို့သော် လူကာကူကို ခေါ်ယူရန် ပြောင်းရွှေ့ကြေး ပေါင်သန်း(၉၀)ကျော် အသုံးပြုရဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent