ချယ်လ်ဆီးမိသားစု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ခံစားရကြောင်း တူဟယ်လ် ပြောကြား

ချယ်လ်ဆီးမိသားစု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ခံစားရကြောင်း တူဟယ်လ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 21 April 2021

 

ချယ်လ်ဆီးအသင်းနည်းပြ သောမတ်စ်တူဟယ်လ်က သူ့အနေဖြင့် လက်ရှိတွင် အသင်း၏ မိသားစုဝင်တစ်ဦးအဖြစ် ခံစားရကြောင်း ပြောကြားခဲ့သည်။ 

လမ်းပတ်လက်ထက်တွင် အမှတ်ပေးဇယား၏ အဆင့် (၉)နေရာ၌ ရပ်တည်ခဲ့သည့် ချယ်လ်ဆီးသည် တူဟယ်လ်လက်ထက်တွင် ချန်ပီယံလိဂ်ဝင်ခွင့် မျှော်မှန်းနိုင်သည့်အခြေအနေသို့ ရောက်ရှိလာခဲ့သလို၊ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်နှင့် FA ဖလားဗိုလ်လုပွဲများကိုလည်း တက်ရောက်ထားသည်။ 

တူဟယ်လ်က "ဒီအသင်းမှာ ဆက်နေဖို့ ထိုက်တန်တယ်ဆိုရင် ဖြစ်နိုင်သလောက် အချိန်အကြာကြီး ဆက်ရှိချင်ပါတယ်။ စာချုပ်သက်တမ်းတွေ၊ ဘာ တွေ ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော့်ကိုယ်ကျွန်တော် ချယ်လ်ဆီးမိသားစုရဲ့ အစိတ်အပိုင်းတစ်ခုလို့ ခံစားရပါတယ်" ဟု ပြောခဲ့သည်။ တူဟယ်လ်သည် ချယ်လ်ဆီးအသင်းနှင့် (၁၈)လ စာချုပ်ချုပ်ဆိုထားသူဖြစ်သည်။

Most Read

Most Recent