စီရော်နယ်လ်ဒိုအား ရောင်းထုတ်ရန် ဂျူဗင်တပ်စ်အသင်းကို မာအူရို တိုက်တွန်း 

စီရော်နယ်လ်ဒိုအား ရောင်းထုတ်ရန် ဂျူဗင်တပ်စ်အသင်းကို မာအူရို တိုက်တွန်း 
Photo: Getty Images
Photo: Getty Images
Published 13 April 2021

ဂျူဗင်တပ်စ်ကွင်းလယ်လူဟောင်း မာအူရိုက စီရော်နယ်လ်ဒိုမှာ တစ်ကိုယ်ကောင်းဆန်သူဖြစ်ပြီး လာမည့်နွေရာသီတွင် ၎င်းအား ရောင်းထုတ်ရန် အသင်းကို တိုက်တွန်းခဲ့သည်။ 

၂၀၁၈ နွေရာသီအပြောင်းအရွှေ့ကာလတွင် ရီးယဲလ်အသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သည့် စီရော်နယ်လ်ဒိုသည် အသင်းတွင် ခြေစွမ်းပြနေသော်လည်း အသင်း၏ရလဒ်ဆိုးများကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ 

အသက် (၃၆)နှစ်အရွယ်ရှိ စီရော်နယ်လ်ဒိုသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀)ရက်တွင် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာဖွယ်ရှိသည်ဟု သတင်းထွက်နေသူဖြစ်သည်။ 

မာအူရိုက စီရော်နယ်လ်ဒိုမှာ အသင်းအောင်မြင်မှုထက် တစ်ကိုယ်တော် အောင်မြင်မှုကို ဦးစားပေးသူဖြစ်သဖြင့် ဂျူဗင်တပ်စ်အသင်းအနေဖြင့် ၎င်းနှင့်လမ်းခွဲခြင်းမှာ အကောင်းဆုံးဖြစ်သည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။ 

"စီရော်နယ်လ်ဒိုက ခေါင်းဆောင်ကောင်းတစ်ဦးမဟုတ်သလို၊ ဘယ်တုန်းကမှလည်း ခေါင်းဆောင်း မဖြစ်ခဲ့ပါဘူး။ သူက ကုမ္ပဏီတစ်ခုနဲ့ တူပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော်အောင်မြင်မှုက အသင်းအောင်မြင်မှုထက် သူ့အတွက် ပိုအရေးကြီးပါတယ်။ စီရော်နယ်လ်ဒိုက အသင်းဖော်တွေကို သူ့နဲ့အတူ ဆွဲခေါ်နိုင်သူမဟုတ်ပါဘူး။ သူက အသင်းဖော်တွေကို သူ့ဆီကိုပဲ ဘောလုံးပေးစေလိုပြီး သူတစ်ယောက်တည်း ဂိုးတွေ သွင်းချင်နေတာပါ။ သူက လုံးဝတစ်ကိုယ်ကောင်းသမားပါပဲ။ သူက အသင်းကစားသမား မဟုတ်ပါဘူး။ ရလဒ်ပိုင်းအရ ကြည့်မယ်ဆိုရင် စီရော်နယ်လ်ဒို ရောက်လာပြီးနောက်မှာ ဂျူဗင်တပ်စ်အသင်းက ပိုပြီးကျဆင်းသွားတာပါ။ အထူးသဖြင့် ချန်ပီယံလိဂ်မှာပေါ့။ ဒီတော့ လမ်းခွဲလိုက်တာက နှစ်ဖက်စလုံးအတွက် အကောင်းဆုံးပါပဲ"ဟု မာအူရိုက ပြောကြားခဲ့သည်။ 

စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်းသည် ကျဆုံးမှုများအတွက် အဓိကဝေဖန်ခံနေရသော်လည်း (၃)ရာသီအတွင်း အသင်းအတွက် ပြိုင်ပွဲစုံ (၁၂၆)ပွဲတွင် (၉၇)ဂိုးအထိ သွင်းယူပေးထားသည်။ 

Most Read

Most Recent