ရီးယဲလ်အသင်းသည် နည်းပြ ဇီဒန်းအား ရာထူးမှထုတ်ပယ်ခဲ့မည်ဆိုပါက ရန်းစ်လူငယ်ကစားသမား ကာမာဗင်ဂါကို ခေါ်ယူရန် ခက်ခဲမည် ဖြစ်ကြောင်း AS သတင်းစာက ဖော်ပြခဲ့သည်။
အသက် (၁၈)နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်လူ ကာမာဗင်ဂါသည် ၂၀၂၂ ခုနှစ်တွင် ရန်းစ်အသင်း နှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လာမည့် နွေရာသီတွင် ၎င်းကိုခေါ်ယူရန် ရီးယဲလ်၊ PSG၊ မန်ယူနှင့် ချယ်လ်ဆီးအသင်းတို့က စိတ်ဝင်စား နေကြောင်း သိရသည်။
ကာမာဗင်ဂါသည် ဇီဒန်း၏လက်အောက်တွင် ကစားရန်ဆန္ဒရှိနေပြီး ရီးယဲလ်သို့ ပြောင်းရွှေ့ကစားဖွယ်ရှိနေကြောင်း သိရသည်။ သို့သော် ရီးယဲလ်အသင်းအနေဖြင့် ဇီဒန်းကို ရာထူး မှထုတ်ပယ်ဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ် နေရာ ဇီဒန်းမရှိလျှင် ကာမာဗင်ဂါကို ခေါ်ယူရာတွင် အခက်တွေ့နိုင်ကြောင်းသိရသည်။
ကာမာဗင်ဂါ ၏ လက်ရှိစျေးကွက်တန်ကြေးမှာ ယူရိုသန်း (၆၀) ဖြစ်ကြောင်း သိရှိရသည်။















