ယူရို-၂၀၂၀ ပြိုင်ပွဲတွင် လူစားလဲခွင့်ကို (၅)ဦးအထိ ခွင့်ပြုမည်ဟု UEFA ကြေညာခဲ့ပြီး ပရိသတ် (၃၀)ရာခိုင်နှုန်းရှိရမည့်စည်းမျဉ်းကိုဖျက်သိမ်း

ယူရို-၂၀၂၀ ပြိုင်ပွဲတွင် လူစားလဲခွင့်ကို (၅)ဦးအထိ ခွင့်ပြုမည်ဟု UEFA ကြေညာခဲ့ပြီး ပရိသတ် (၃၀)ရာခိုင်နှုန်းရှိရမည့်စည်းမျဉ်းကိုဖျက်သိမ်း
Photo: AFP
Photo: AFP
Published 4 April 2021

 

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် ယခု ၂၀၂၁ ခုနှစ်အတွင်း ကျင်းပမည့် ယူရို-၂၀၂၀ ပြိုင်ပွဲနှင့် 2021 Nations League ဖိုင်နယ်ပွဲစဉ်များတွင် လူစားလဲခွင့်ကို (၅)ဦးအထိ ခွင့်ပြုသွားမည်ဟု ဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။

"နိုင်ငံတကာ ဘောလုံးဘုတ်အဖွဲ့ IFAB) ရဲ့စည်း မျဉ်း အမှတ် (၃) မှာ ဖော်ပြထားတဲ့ အရေးပေါ် အခြေအနေ တွေမှာ ဥပဒေကို အခြေအနေနဲ့ လျော်ညီစွာ ပြောင်းလဲ နိုင်သည်ဆိုတဲ့ အချက်ကို အသုံးပြုပြီး ဒီဆုံးဖြတ်ချက် ကို ချမှတ်ခဲ့တာပါ။ ယူရို-၂၀၂၀ ပြိုင်ပွဲတစ်ခုလုံးနဲ့ 2021 UEFA Nations League ဖိုင်နယ်ပွဲစဉ်တွေမှာ လူစား လဲခွင့်အရေအတွက်ကို (၅)ဦးအထိ သတ်မှတ်သွားမှာ ဖြစ်ပါတယ်" ဟု UEFA က ကြေညာခဲ့သည်။

"ကစားသမား (၅) ဦးအထိ လဲလှယ်ခွင့်ပြုတဲ့ အ ကြောင်းပြချက်က COVID-19 ကြောင့် ပြီးခဲ့တဲ့ ဘော လုံးရာသီတစ်ခုလုံးမှာ ကစားသမားတွေဟာ ပွဲကျပ်ကာ လတွေကို ဖြတ်သန်းခဲ့ရပြီး၊ ကလပ်အသင်းပွဲစဉ်တွေနဲ့ နိုင်ငံတကာဘောလုံးပြက္ခဒိန်ကို ပြည့်မီအောင် ကစားခဲ့ ရတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေကို တစ်ဖက်တစ်လမ်း က ကူညီနိုင်ဖို့ ဖြစ်ပါတယ်။ ၂၀၂၁ မတ်လကနေ ၂၀၂၂ မတ်လအထိ ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေ မှာလည်း ကစားသမား (၅)ဦးအထိ လူစားလဲခွင့်ပေးဖို့ ဆုံး ဖြတ်ပေးပြီးသားဖြစ်ပြီး အခု ယူရိုပြိုင်ပွဲအထိ သက်တမ်း တိုးပေးလိုက်ခြင်းဖြစ်ပါတယ်" ဟု UEFA ၏ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။

UEFA သည် ပြိုင်ပွဲကျင်းပနေစဉ်အတွင်း အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် ကွင်းများတွင် ပရိသတ်အရေ အတွက် အများဆုံး (၃၀) ရာခိုင်နှုန်း ရှိရမည်ဆိုသည့် စည်းမျဉ်းကိုလည်း ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေ ညာ ခဲ့သည်။ UEFA သည်မူလက သတ်မှတ်ထားသည့် ယင်းစည်းမျဉ်းကို ဖျက်သိမ်းခဲ့ပြီး သက်ဆိုင်ရာနိုင်ငံ အစိုးရ၏ ဥပဒေအတိုင်း ပရိသတ်ဝင်ရောက်ခွင့်ပြုရန် ကြေညာခြင်းလည်းဖြစ်သည်။

"UEFA အမှုဆောင်ကော်မတီက အရင်က ချမှတ် ထားတဲ့ ပွဲတိုင်းမှာ ကွင်းအတွင်း အမြင့်ဆုံးပရိသတ် (၃၀) ရာခိုင်နှုန်းရှိရမယ်ဆိုတဲ့ စည်းမျဉ်းကိုလည်း ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ အစိုးရတာဝန်ရှိသူတွေက ချမှတ်ထားတဲ့ စည်းမျဉ်းစည်း ကမ်းတွေအတိုင်းပဲ စီစဉ်နိုင်ပြီး ဧည့်ပရိသတ်တွေ လာ ရောက်ကြည့်ရှုခြင်းကိုတော့ ဆက်လက်တားမြစ်ထားမှာ ဖြစ်ပါတယ်" ဟုUEFA ကဆိုသည်။ "UEFA ရဲ့ အဖွဲ့ ဝင် (၅၅)နိုင်ငံဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီတဲ့ အခြေ အနေတွေရှိတာကြောင့် (၃၀)ရာခိုင်နှုန်း စည်းမျဉ်းကို ဆက်ပြီး အသုံးပြုတော့မှာမဟုတ်ပါဘူး" ဟုလည်း ၎င်းတို့ က ဆိုခဲ့သည်။

လက်ရှိအချိန်တွင် ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ပွဲစဉ်များ နှင့် ဖိုင်နယ်ပွဲစဉ်ကို လက်ခံကျင်းပမည့် ဝင်ဘလေကွင်း တွင် ပရိသတ် (၅၀)ရာခိုင်နှုန်း အထိ ဝင်ရောက် ခွင့်ရရှိရန် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) က ဆန္ဒရှိနေပြီး ယခု ကဲ့သို့ စည်းမျဉ်းဟောင်းကို ဖျက်သိမ်းခဲ့ခြင်းအတွက် ပိုမို အဆင်ပြေသွားပြီဖြစ်သည်။ သို့ရာတွင် FA အနေဖြင့် ဗြိတိန်အစိုးရ၏ ခွင့်ပြုချက်ကိုမူရယူရဦးမည်ဖြစ်သည်။ 

Most Read

Most Recent