■ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်
ဘာစီလိုနာ - ဆီဗီလာ (မြန်မာစံတော်ချိန် မတ်လ ၄ ရက် နံနက် ၂:၃၀ နာရီ)
ပထမအကျော့ရလဒ်ကြောင့် ဘာစီလိုနာအသင်းအတွက် မျှော်လင့်ချက်နည်းနေပြီး နောက်ဆုံးလာလီဂါပွဲမှာ ဆီဗီလာကို အဝေးကွင်းမှာ အနိုင်ကစားခဲ့ပေမဲ့ အသင်းလိုက် ခြေစွမ်းက အတက်အကျများနေကာ ပုံမှန်မဖြစ်သေးပါဘူး။ ဆီဗီလာကတော့ ပြီးခဲ့တဲ့အောက်တိုဘာလနောက်ပိုင်းကတည်းက ပြိုင်ပွဲစုံအဝေးကွင်း (၁၄)ပွဲမှာ အက်သလက်တီကို ကိုရှုံး၊ ဘက်တစ်ကို သရေကျခဲ့ပြီး ကျန်ပွဲအားလုံး အနိုင်ကစားထားခဲ့တာ တွေ့ရတယ်။ ဘာစီလိုနာအတွက် ဗိုလ်လုပွဲတက်ဖို့ အခွင့်အရေးနည်းပေမဲ့ ဒီရာသီရဲ့ဖလားမျှော်လင့်ချက်ဖြစ်နေလို့ အနိုင်ကစားမှာတော့ သေချာပါတယ်။
■ ဂျာမန်ဖလား ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
ရော့ဗိုက်အက်ဆန် - ဟော်စတိုင်ကီလ် (မြန်မာစံတော်ချိန် မတ်လ ၃ ရက် ည ၁၂:၀၀ နာရီ)
ရော့ဗိုက်အက်ဆန်က စတုတ္ထတန်းအဆင့်မှာ ကစားနေတဲ့အသင်းဖြစ်ပြီး ဟော်စတိုင်ကီလ်ကတော့ ဘွန်ဒစ်လီဂါ-၂မှာ ကစားနေတဲ့အသင်းပါ။ ဟော်စတိုင်ကီလ်ကိုပဲ ရွေးချင်တယ်။
လိုက်ပ်ဇစ် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် မတ်လ ၄ ရက် နံနက် ၂:၁၅ နာရီ)
ရာသီကြိုခြေစမ်းပွဲမှာရော အခုရာသီ ပထမအကျော့မှာပါ ဒီနှစ်သင်းတွေ့ဆုံမှုက သရေကျထားခဲ့ပါတယ်။ လိုက်ပ်ဇစ်က ဒီရာသီအိမ်ကွင်းပွဲတွေမှာ ကိုလုံးကို သရေ၊ ဒေါ့မွန်နဲ့ လီဗာပူးလ်ကိုသာ ရှုံးပြီး ကျန်ပွဲအားလုံး အနိုင်ကစားခဲ့တဲ့အသင်းပါ။ ဝုလ်ဖ်ဘတ်ကလည်း (၁၀)ပွဲဆက် ရှုံးပွဲမရှိဘဲ အရှိန်အတော် မြင့်နေတယ်။ လိုက်ပ်ဇစ်ကို ပိုကြိုက်တယ်။















