ရွှေ့ဆိုင်းထားရသည့် ဂျူဗင်တပ်စ်-နာပိုလီ စီးရီးအေ ပထမအကျော့ပွဲကို မတ် (၁၇) ရက် ယှဉ်ပြိုင်ကစားမည်

ရွှေ့ဆိုင်းထားရသည့် ဂျူဗင်တပ်စ်-နာပိုလီ စီးရီးအေ ပထမအကျော့ပွဲကို မတ် (၁၇) ရက် ယှဉ်ပြိုင်ကစားမည်
Photo: Getty Images
Photo: Getty Images
Published 26 February 2021

COVID-19 ရောဂါအခြေအနေ ကြောင့် ရွှေ့ဆိုင်းထားရသည့် ဂျူဗင်တပ်စ်- နာပိုလီ စီးရီးအေ ပထမအကျော့ပွဲစဉ်ကို မတ် (၁၇) ရက်တွင် ပြန်လည်ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

    

ယင်းပွဲမှာ စီးရီးအေပွဲစဉ် (၃) အဖြစ် အောက်တိုဘာ (၄) ရက်ကတည်းက တူရင်မြို့ရှိ Allianz Stadium ကွင်း၌ ကစားရန် စီစဉ်ထားသော်လည်း နာပိုလီအသင်း လာရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိသဖြင့် ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

နာပိုလီအသင်းတွင် COVID-19 Positive တွေ့ရှိမှုကြောင့် ဒေသခံကျန်းမာရေးအာဏာပိုင်အဖွဲ့က ခရီးသွားလာခွင့်မပြုဘဲ တားမြစ်ခဲ့သဖြင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

အစောပိုင်းတွင် ဂျူဗင်တပ်စ်အသင်းအား (၃-၀) ရလဒ်ဖြင့် အနိုင်ပေးရန်၊ နာပိုလီအသင်းအား ရမှတ်တစ်မှတ်လျှော့ပြစ်ဒဏ် ချမှတ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း နာပိုလီအသင်းက အယူခံဝင်ရာ အောင်မြင်ခဲ့သောကြောင့် ပြန်လည်ကစားရမည်ဖြစ်သည်။

ယခုရာသီတွင် ပွဲစဉ်များဆက်တိုက် ကစားနေရသဖြင့် ယင်းပွဲပြန်လည်ကစားမည့်ရက်ကို ဆုံးဖြတ်ရန် ကြန့်ကြာနေသော်လည်း နာပိုလီအသင်းမှာ ယူရိုပါလိဂ်ပြိုင်ပွဲ (၃၂)သင်းအဆင့်မှ ထွက်ခဲ့ရပြီဖြစ်သောကြောင့် မတ် (၁၇)ရက်တွင် ယှဉ်ပြိုင်ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    

ထို့ပြင် ပွဲစဉ် (၂၄) အဖြစ် သောကြာနေ့က ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသည့် တိုရီနို-ဆာဆူအိုလိုပွဲကိုလည်း တိုရီနိုအသင်း၏ COVID-19 ပြဿနာကြောင့် မတ် (၁၇) ရက်သို့ ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent