ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းများကို အူဘာမီယန်း ချိုးဖောက်ခဲ့ခြင်းရှိ၊ မရှိ အာဆင်နယ်အသင်း ကလပ်အသင်းအတွင်းစုံစမ်းမှု ပြုလုပ်နေ

ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းများကို အူဘာမီယန်း ချိုးဖောက်ခဲ့ခြင်းရှိ၊ မရှိ အာဆင်နယ်အသင်း ကလပ်အသင်းအတွင်းစုံစမ်းမှု ပြုလုပ်နေ
aubameyang instagram
aubameyang instagram
Published 18 February 2021

အာဆင်နယ်အသင်းသည် အသင်းခေါင်းဆောင် အူဘာမီယန်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့ခြင်းရှိ၊ မရှိ ကလပ်အသင်းအတွင်း စုံစမ်းစစ်ဆေးမှုပြုလုပ်နေကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့သည်။

စပိန်နာမည်ကြီး တက်တူးပညာရှင် အလီယန်ဒရိုနီကိုလက်စ်ဘာနယ်လ်က ၎င်းအား တက်တူးထိုးနေသည့်ဓာတ်ပုံကို အူဘာမီယန်းက သူ၏ Instagram စာမျက်နှာတွင် တင်ခဲ့ခြင်းဖြစ်ပြီး ၎င်းလုပ်ရပ်မှာ ဗြိတိန်အစိုးရက သတ်မှတ်ထားသော ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းသတ်မှတ်ချက်များကို ချိုးဖောက်ခဲ့သည်ဆိုသည့် ဝေဖန်မှုများရှိနေသည်။

ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်းရိုက်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်းရှိ လူအများစုဝေးရာ နေရာအချို့ကို ပိတ်ထားရန် အစိုးရက ညွှန်ကြားထားရာ ယင်းထဲတွင် တက်တူးစတူဒီယိုများလည်း ပါဝင်နေသည်။

သို့ဖြစ်ရာ ယင်းကိစ္စအတွက် ကလပ်အသင်းအတွင်း စုံစမ်းစစ်ဆေးမှုပြု လုပ်နေကြောင်း အာဆင်နယ်အသင်းတာဝန်ရှိသူတစ်ဦးက ESPN သို့ ထုတ်ဖော်ပြောကြားခဲ့သည်။

Most Read

Most Recent