ဆိုးရွားသော Comment များကို အလိုအလျောက်ပယ်ဖျက်ပေးရန် အင်္ဂလန်ဘောလုံး တာဝန်ရှိသူများ တောင်းဆိုခဲ့သော်လည်း လူမှုကွန်ရက်ကုမ္ပဏီများ ငြင်းဆန် 

ဆိုးရွားသော Comment များကို အလိုအလျောက်ပယ်ဖျက်ပေးရန် အင်္ဂလန်ဘောလုံး တာဝန်ရှိသူများ တောင်းဆိုခဲ့သော်လည်း လူမှုကွန်ရက်ကုမ္ပဏီများ ငြင်းဆန် 
Published 15 February 2021

လူမျိုးရေးခွဲခြားသူများက ဆိုးရွားသည့်အရေးအသားများ ရေးသားလာခဲ့လျှင်  အလိုအလျောက် ဖျက်ပေးသည့်စနစ်အရ ၎င်းတို့၏ Comment များမှာ စာမျက်နှာပေါ်သို့ ရောက်ရှိမလာစေရန် အင်္ဂလန်ဘော လုံးတာဝန်ရှိသူများက Facebook ၊ Twitter အစရှိသော လူမှုကွန်ရက် ဝက်ဘ်ဆိုက်ကုမ္ပဏီများကို  တောင်း ဆိုခဲ့ခြင်းဖြစ်သည်။ 

အင်္ဂလန်ဘောလုံးလောကတွင် လူမျိုးရေးခွဲခြားမှု၊ အသားအရောင်ခွဲခြားမှုများ များပြားလာပြီး လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ဘောလုံးသမားများကို လှောင်ပြောင်မှုများ များပြားလာသည့်အတွက် အင်္ဂလန် ဘောလုံးတာဝန်ရှိသူများက လူမှုကွန်ရက်ဝက်ဘ်ဆိုက်ကုမ္ပဏီများကို အဓိကကျသည့် တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့သည်။ 

ယင်းမှာ ဘောလုံးသမားများ၏ လူမှုကွန်ရက် Post များသို့ လူမျိုးရေး/အသားအရောင်ခွဲခြားသည့် Comment များတင်လာခဲ့လျှင် အလိုအလျောက်ဖျက်သည့်စနစ်ထားရှိပေးရန်ဖြစ်သည်။ 

လူမျိုးရေးခွဲခြားသူများက ဆိုးရွားသည့်အရေးအသားများ ရေးသားလာခဲ့လျှင်  အလိုအလျောက် ဖျက်ပေးသည့်စနစ်အရ ၎င်းတို့၏ Comment များမှာ စာမျက်နှာပေါ်သို့ ရောက်ရှိမလာစေရန် အင်္ဂလန်ဘော လုံးတာဝန်ရှိသူများက Facebook ၊ Twitter အစရှိသော လူမှုကွန်ရက် ဝက်ဘ်ဆိုက်ကုမ္ပဏီများကို  တောင်း ဆိုခဲ့ခြင်းဖြစ်သည်။ 

သို့သော် ယင်းလူမှုကွန်ရက် ဝက်ဘ်ဆိုက်ကုမ္ပဏီများက ယင်းကဲ့သို့တားဆီးပိတ်ပင်မှုများ ပြုလုပ်ခြင်းသည် လူတစ်ဦး၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်ကို ထိပါးစေသည်ဟု ယူဆပြီး ယင်းတောင်းဆိုမှုအား ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။

အင်္ဂလန်ဘောလုံးတာဝန်ရှိသူများက မူ ၎င်းတို့၏တောင်းဆိုမှုမှာ မျှတမှုရှိသည်ဟု ယူဆနေကြကြောင်း ဗြိတိန် သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

Most Read

Most Recent