မမြသွဲ့သွဲ့ခိုင်အတွက် ဆုတောင်းပွဲ ရန်ကုန်မြို့ မြို့တော်ခန်းမအနီးတွင် ပြုလုပ်

မမြသွဲ့သွဲ့ခိုင်အတွက် ဆုတောင်းပွဲ ရန်ကုန်မြို့ မြို့တော်ခန်းမအနီးတွင် ပြုလုပ်
သတင်းဓာတ်ပုံ -  အောင်မျိုးသန့်၊ ကြည်နိုင်၊ သီဟအောင်
သတင်းဓာတ်ပုံ - အောင်မျိုးသန့်၊ ကြည်နိုင်၊ သီဟအောင်
Published 14 February 2021

မမြသွဲ့သွဲ့ခိုင်အတွက် ဆုတောင်းပွဲအား ရန်ကုန်မြို့ မြို့တော်ခန်းမအနီးတွင်  ယနေ့ (ဖေဖော်ဝါရီ ၁၄ ရက်) ညနေပိုင်းက ပြုလုပ်ခဲ့သည်။

ဖေဖော်ဝါရီ ၁၄ ရက် ညနေ  ၅ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး မြို့တော်ခန်းမအနီးတွင် မမြသွဲ့သွဲ့ခိုင်အတွက် ဆုတောင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ အများအပြားပါဝင်ခဲ့သည်။

ပြည်သူ များမှာ ဖယောင်းတိုင်များကိုင်ဆောင်ကာ မမြသွဲ့သွဲ့ခိုင်အတွက် ဆုတောင်းခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းက လည်း လှည်းတန်းခုံးကျော်တံတားအောက်တွင်လည်း ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent