■ ရှားပါးတိရစ္ဆာန် စာရင်းဝင် လူဝံလေးများ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ရောက်ရှိ

■ ရှားပါးတိရစ္ဆာန် စာရင်းဝင် လူဝံလေးများ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ရောက်ရှိ
Published 21 May 2026

ရှားပါးတိရစ္ဆာန် စာရင်းဝင် လူဝံလေးများ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ရောက်ရှိနေကြောင်း Yangon zoo ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ‎လူသားမျိုးနွယ်စုများနှင့် ဗီဇအနီးစပ်ဆုံးဖြစ်ပြီး အလွန်ဉာဏ်ရည်ထက်မြက်ကြတဲ့ အမြှီးမပါသည့် မျောက်ဝံ (Ape) မျိုးနွယ်စုဝင် မလေးဘာသာစကားအရ "သဘာဝတောတွင်းလူသားကြီးများ" ဟု အဓိပ္ပာယ်ရတဲ့ "လူဝံ" (Bornean Orangutan) စုံတွဲလေး ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ရောက်ရှိသည်။



‎အဆိုပါ မျိုးစိတ်အနေဖြင့် လက်ရှိ သဘာဝတောတွင်း၌ မျိုးသုဉ်းရန် အန္တရာယ်နှင့် အလွန်နီးကပ်နေသည့် (Critically Endangered Species) စာရင်းဝင် ရှားပါးတိရစ္ဆာန်လည်း ဖြစ်သည်။



‎ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် လူဝံများကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) ခန့်က နောက်ဆုံးပြသခဲ့ခြင်းဖြစ်ပြီး ယခုအခါ  လူဝံအထီးလေး (လီယို) နှင့် အမလေး (ပင်ကီ) တို့ကို ပြန်လည်တွေ့ဆုံခွင့်ရရှိခြင်း ဖြစ်သည်။



ထို့ပြင် ‎လူဝံမျိုးစိတ်များကို အရှေ့တောင်အာရှရှိ ဆူးမားတြားနှင့်ဘော်နီယိုကျွန်းဆွယ်များမှာ တွေ့ရှိနိုင်ကြောင်း၊  သဘာဝတောထဲတွင် သစ်ပင်အမြင့်ကြီးများပေါ်၌ အသိုက်ဆောက်ကာ နေထိုင်လေ့ရှိပြီး မိမိတို့၏ ရှည်လျားသန်မာသော လက်များကို အသုံးပြု၍ တစ်ပင်မှတစ်ပင် ကူးသန်းသွားလာတတ်‌‌ေကြာင်း၊ ထို့အပြင် ပြဿနာများကို ကိုယ်တိုင်ဖြေရှင်းနိုင်ပြီး အသုံးအဆောင်ပစ္စည်းများကိုပါ ကိုင်တွယ်အသုံးပြုနိုင်လောက်အောင် ဉာဏ်ရည်မြင့်မားကြောင်း သိရသည်။

Most Read

Most Recent