အာဏာသိမ်းခြင်းကို ကန့်ကွက်ကြောင်း ပဲခူးတက္ကသိုလ် ဆရာများနှင့် ဝန်ထမ်းများက ဖဲကြိုးနီကမ်ပိန်း ပြုလုပ်ကာ ဆန္ဒထုတ်ဖော်

အာဏာသိမ်းခြင်းကို ကန့်ကွက်ကြောင်း ပဲခူးတက္ကသိုလ် ဆရာများနှင့် ဝန်ထမ်းများက ဖဲကြိုးနီကမ်ပိန်း ပြုလုပ်ကာ ဆန္ဒထုတ်ဖော်
Published 5 February 2021

တပ်မတော်မှအာဏာသိမ်းခြင်းကို ကန့်ကွက်ပြီး ပြည်သူရွေးချယ်ထားသော အစိုးရကိုသာ လက်ခံသွားမည်ဖြစ်ကြောင်း ပဲခူးတက္ကသိုလ်မှ ဆရာများနှင့်ဝန်ထမ်းများက ဖေဖော်ဝါရီ ၅ ရက် နေ့က ဖဲကြိုးနီကမ်ပိန်းပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းခြင်းကိုဆန့်ကျင်သော ဖဲကြိုးနီကမ်ပိန်းဖြင့် ဆန္ဒထုတ်ဖော်ခြင်းကို ပဲခူးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ဖေဖော်ဝါရီ၅ရက်  နံနက်၉ နာရီ မှ၁၁  နာရီခွဲအထိပြုလုပ်ခဲ့ပြီး အင်အား၅ဝခန့်ရှိကာ မလာရောက်နိုင်ခဲ့သော ဆရာများလည်း အားလုံးဆန္ဒနှင့်ထပ်တူပြုကြောင်း သိရသည်။

“ကျနော်တို့ကဦးဆောင်ပြီးလုပ်တာလည်း မဟုတ်ဘူး ။ အားလုံးရဲ့ဆန္ဒနဲအညီ လုပ်ကြတာ စုစည်းမိပြီး လုပ်ဖြစ်သွားတာ ။ အင်အား ၅၀ လောက် ရှိတယ်။ လာရောက်ဖို့ခက်ခဲလို့ ရောက်မလာတဲ့ဆရာမတွေကလည်း အားလုံးနဲ့ထပ်တူဖြစ်ကြောင်း onlineပေါ်က ဆန္ဒထုတ်ဖော်ကြမယ် ။ အဓိကတော့ တပ်မတော်ကအာဏာသိမ်းတာကို လက်မခံဘူး ။ ပြည်သူရွေးထားတဲ့အစိုးရကိုပဲ လက်ခံမယ်ဆိုတာကို ထုတ်ဖော်ပြတာပါ"ဟု ပဲခူးတက္ကသိုလ် ဓာတုဗေဒ ဌာနမှ ဆရာတစ်ဦးကပြောကြားသည်။

ထို့အပြင် ဖေဖော်ဝါရီ ၅ ရက် တွင်ပဲခူးမြို့ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှဝန်ထမ်းများ ၊ ပဲခူးမြို့နယ်လျှပ်စစ်ရုံးနှင့် တိုင်းလျှပ်စစ်ရုံးမှဝန်ထမ်းများ ၊ ရှေ့နေအဖွဲ့များမှလည်း တပ်မတော်က အာဏာသိမ်းခြင်းကိုကန့်ကွက်ကြောင်း ဖဲကြိုးနီ ကမ်ပိန်းပြုလုပ်ကာ ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent